www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

တိုင်းရင်းသားပညာရှင်များ၏ လက်မှုပညာ တီထွင်ဖန်တီးမှု လက်ရာများ စုစည်းပြသပွဲကို မတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ ကျင်းပမည်



ရန်ကုန် ၊ ၁၇-၃-၂၀၁၅

တိုင်းရင်းသား ပညာရှင် များ၏ လက်မှုပညာ တီထွင် ဖန်တီးမှု လက်ရာများ စုစည်း ပြသပွဲကို မတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

''လက်မှုမှသည် အနုပညာ ဆီသို့'' အမည်ဖြင့် လက်မှု အနုပညာ ၃၅ဝ ပါဝင် ပြသမည့် လက်မှု အနုပညာ ပြပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Goethe Villa (ယခင် ပန်းချီပန်းပု ကျောင်း)တွင် မတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ၊ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲ မပြုလုပ်မီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌ လက်မှုလုပ်ငန်း ဆိုင်ရာ ပညာရပ်များ လေ့လာ ရှာဖွေခြင်း အပြင် ရှမ်းပြည်နယ်ရှိ အင်းလေးဒေသ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တို့မှ လက်မှု အနုပညာရှင် များနှင့် ကနေဒါနိုင်ငံ မှ ဒီဇိုင်း အနုပညာရှင် တစ်ဦး ပါဝင်သည့် ဒီဇိုင်း ပညာပိုင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ထိုပွဲ မပြုလုပ်မီ ရန်ကုန်မြို့၌ ရက်သတ္တ နှစ်ပတ်ကြာ ပြုလုပ် ခဲ့ကြောင်း စီစဉ် သူများထံမှ သိရသည်။

''ပြပွဲတစ်ခု သက်သက် အနေနဲ့ ပြသတာ မဟုတ်ပါဘူး။ လက်မှု ပစ္စည်းတွေ အနုပညာ မြောက်စွာ ထွက်ပေါ်လာရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ တွေကို ပြုလုပ်ခဲ့ပြီး လူထုအခြေပြု နှစ်ရှည် လက်မှု အနုပညာ စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်'' ဟု အဆိုပါပွဲကို စီစဉ်သူ တစ်ဦးက ပြောပြသည်။ အရည်အသွေးမြင့် လက်မှုပစ္စည်း အသစ်များ တီထွင် ဖန်တီးနိုင်ရန် သာမကဘဲ လက်မှု အနုပညာရှင်များ ကိုယ်တိုင် ဦးဆောင် နိုင်မည့် ဈေးကွက်တစ်ခု ဖြစ်ပေါ် လာရန်နှင့် မြန်မာ့လက်မှု ပညာကို ကမ္ဘာ့ဈေးကွက် သို့ ထိုးဖောက် နိုင်ရန်လည်း ရည်ရွယ် ထားကြောင်း အဆိုပါပြပွဲ စီစဉ်သူများ ထဲမှ တာဝန် ရှိသူက ဖြည့်စွက် ပြောကြားသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger