www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 18, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း သတ်မှတ်အဆင့် မပြည့်မီသူများ ပြန်လည်ဖြေဆိုရမည့် စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်


ရန်ကုန် ၊ ၁၈-၃-၂၀၁၅

တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဖေဖော်ဝါရီလတွင် ကျင်းပပြီးစီး ခဲ့သော စတုတ္ထတန်း နှင့် အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်း များကို ထုတ်ပြန် ကြေညာပြီး သတ်မှတ် အဆင့်မပြည့်မီ သူများအတွက် ပြန်လည်ဖြေဆို ရမည့် အချိန်စာရင်း ထုတ်ပြန် ထားသည် ဟု ပညာရေး ဝန်ကြီးဌာန မှ သိရသည်။

အဆိုပါ စတုတ္ထတန်း နှင့် အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်း များကို ဧပြီ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး အောင်စာရင်း ထုတ်ပြန် ရာတွင်လည်း ဘာသာရပ် အလိုက် အဆင့် သတ်မှတ်ချက် များဖြင့် ထုတ်ပြန် သွားမည်ဖြစ်ရာ အဆင့် သတ်မှတ်ချက် D ရရှိသော ဘာသာရပ်ကို ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန် ကြေညာပြီး သတ်မှတ်အဆင့် မပြည့်မီသူ များသည် မိမိအဆင့် သတ်မှတ်ချက် D ရရှိသော ဘာသာရပ်အပေါ် မူတည်၍ မေလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်
ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

အဋ္ဌမတန်း အဆင့်မပြည့်မီ သူများသည် မေ ၁၄ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ မေ ၁၅ ရက်တွင် သင်္ချာနှင့် အထွေထွေသိပံ္ပ၊ မေ ၁၆ ရက်တွင် ပထဝီဝင်နှင့် သမိုင်းဘာသာရပ် တို့ကို မိမိအဆင့် သတ်မှတ်ချက် D ရရှိသည့် ဘာသာရပ် အပေါ်တွင် မူတည်၍ သတ်မှတ်ထားသည့် ကျောင်းများ၌ ပြန်လည် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger