www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 2, 2015

၂၃ မိုင်ရှိ သောင်းကျန်းသူ အခြေပြုတောင်ကုန်းများအား တပ်မတော်စစ်ကြောင်း များက ရှင်းလင်းသိမ်းပိုက်ပြီး လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းဖွင့်လှစ် ၊ နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်




နေပြည်တော် ၊ ၂-၃-၂၀၁၅
.
တပ်မတော် စစ်ကြောင်းများက ယမန်နေ့ ညနေပိုင်းတွင် ၂၃ မိုင် အနီးရှိ စစ်ဗျူဟာအရ အရေးကြီး တောင်ကုန်းများနှင့် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၂၉ အနီးရှိ ပွိုင့်- ၁၃၁၉ တောင်ကုန်း တို့အား လက်နက်ကြီး ပစ်ကူများ ရယူ၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ချေမှုန်းကာ သိမ်းပိုက် ရရှိခဲ့သည်။
.
ကိုးကန့် သောင်းကျန်းသူ များက ၂၃ မိုင် အနီးရှိ ကျောက်တောင်များတွင် အခြေပြု၍ အဆင့်ဆင့် အခိုင်အမာ ခံစစ်ယူထားကာ လောက်ကိုင်- ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူများ ရယူ၍ ဟန်ချက်ညီ အဆင့်အဆင့် ခြေကုပ်ယူပြီး အရှိန်အဟုန် ပြင်းစွာဖြင့် တိုက်ခိုက်ရှင်းလင်း ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ ညနေပိုင်းတွင် သောင်းကျန်းသူ အခိုင်အမာ အခြေပြုတောင်ကုန်း ၆ ကုန်းအား အဆင့်ဆင့် သိမ်းပိုက် နိုင်ခဲ့သည်။
.
တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွား သော ကိုးကန့် သောင်းကျန်းသူ များနောက်သို့ လိုက်လံရှင်းလင်း လျက်ရှိ ပြီး ယခုအခါ တပ်မတော် စစ်ကြောင်းများ အနေဖြင့် လောက်ကိုင်- ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
.
ထို့အတူ လောက်ကိုင် အရှေ့ဘက် နယ်နိမိတ် မှတ်တိုင်အမှတ် (၁၂၉)အနီးရှိ စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်- ၁၃၁၉ တောင်ကုန်းတွင် ပစ်ကျင်းများဖြင့် အခိုင်အမာ အခြေပြုခံစစ် ယူထားသည့် ကိုးကန့် သောင်းကျန်းသူ အင်အားစု များအား တပ်မတော် စစ်ကြောင်းများက ယမေန်န့ နံနက်ပိုင်းမှ စတင်၍ လက်နက်ကြီး ပစ်ကူများ ရယူကာ ဟန်ချက်ညီ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက် ချေမှုန်း ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
.
တပ်မတော် စစ်ကြောင်းများ က အဆိုပါ တောင်ကုန်းအား ညနေပိုင်းတွင် သိမ်းပိုက် ရရှိခဲ့ပြီး သောင်းကျန်းသူများ ဆုတ်ခွာသွားရာ နောက်သို့ ထပ်ကြပ် လိုက်လံ ရှင်းလင်းလျက် ရှိသည်။ အဆိုပါ တိုက်ပွဲတွင် တပ်မတော် စစ်ကြောင်း အချို့သည် ရန်သူ မမျှော်လင့်သော မြင့်မား မတ်စောက်သည့် တောင်နံရံများမှ ရဲဝံ့စွန့်စားစွာ ချဉ်းကပ် တက်ရောက် တိုက်ခိုက်ခဲ့ သဖြင့် သောင်းကျန်းသူ များမှ ၄င်းတို့ မမျှော်လင့်သော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ဆုတ်ခွာ ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း လောက်ကိုင် ဒေသတွင် တပ်မတော် စစ်ကြောင်းများ က နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိရာ နံနက် ၁ဝ နာရီခန့်တွင် သတင်းအရ နားပန်ကျေးရွာ ရှိ အဆောက်အအုံ တစ်လုံးအတွင်း ဝင်ရောက် ရှင်းလင်းစဉ် အမ်-၂၂ ကျည် ၆ဝ တောင့်၊ ဘယ်ရီကပ် ဦးထုပ်နှစ်လုံး၊ ဓာတ်ပုံအယ်လ်ဘမ် တစ်ခုနှင့် မော်တော်ယာဉ် နှစ်စီးတို့အား သိမ်းဆည်းရမိ ခဲ့သည်။
.
၎င်းအပြင် နံနက် ၁၁ နာရီခွဲ ခန့်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းစဉ် လောက်ကိုင်မြို့၏ အနောက် တောင်ဘက် တစ်ဝိုက်၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့ နှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူ များထံမှ အလောင်း တစ်လောင်း၊ အမ်-၂၃ စက်လတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ပွိုင့် (၂၂)ရိုင်ဖယ် တစ်လက်၊ တိုက်မိုင်း နှစ်လုံး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ၊ ယမ်းကြိုးများ သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျူတိုရှန် ၌ ကိုးကန့် သောင်းကျန်းသူ များ ခိုအောင်း လှုပ်ရှားလျက် ရှိကြောင်း သတင်းအရ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အရပ်ဝတ်ဖြင့် မသင်္ကာဖွယ်ရာ လူလေးဦးအား ရပ်တန့် စစ်ဆေးရာ ရပ်တန့်ခြင်း မရှိဘဲ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းစဉ် တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး အရှင် ဖမ်းဆီးရမိ ခဲ့သည်။
.
အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးအား စစ်ကြော မေးမြန်းချက်အရ ၄င်း ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းရာ အနီးတစ်ဝိုက်ရှိ အဆောက်အအုံ အတွင်းမှ လျှပ်စစ် ဒီတိုနေတာ ၁ဝဝဝ ခုပါ သေတ္တာ နှစ်လုံး၊ ကျည်ကာအင်္ကျီ အနက်ရောင် ရှစ်ထည်၊ ကျည်ကာပြား အနက်ရောင် ၃ဝ ပြား၊ MNDAA လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၅ဝ ထည် ၊ MNDAA အမှတ်တံဆိပ်ပါ လျှာထိုးဦးထုပ် နှစ်လုံး၊ ချပ်ဝတ်တန်ဆာ နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်သော အထုပ်ကြီး ငါးထုပ်၊ စစ်စိမ်းရောင် ကျောပိုးအိတ် ၃ဝလုံးပါ နှစ် ထုပ်၊ ပြောက်ကျား အိပ်ရာလိပ်များ ပါဝင်သည့် အထုပ်ကြီး ငါးထုပ် တို့အား သိမ်းဆည်း ရမိခဲ့ပြီး ၄င်း ပတ်ဝန်းကျင် တစ်ဝိုက် နယ်မြေရှင်း လင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။
.
ထို့အပြင် ည ၈ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းများက စင်ကျိုင်းရွာ တစ်ဝိုက် လှည့်ကင်း ဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ ၁၅ ဦးခန့် အားတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ၄င်းတို့အတွင်းမှ လက်နက်ငယ် ကိုင်ဆောင်ထားသူ နှစ်ဦးမှ စတင် ပစ်ခတ်တိုက်ခိုက် လာသဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်နေရာအား ရှင်းလင်းရာ အလောင်းတစ်လောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦး အပါအဝင် ၁၂ ဦး နှင့် MNDAA ဘက်တံဆိပ်ပါ ယူနီဖောင်း သုံးစုံ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း ၁၂ စုံ၊ လျှာထိုးဦးထုပ် လေးလုံး ၊ ပိကက်ဦးထုပ် တစ်လုံး၊ ကျည်ကာဦးထုပ် သုံးလုံး၊ အိုင်ကွန် အမျိုးအစား ဆက်သွယ်ရေး အထိုင်စက် တစ်လုံး၊ မော်တာရိုလာ
အမျိုးအစား ဆက်သွယ်ရေးစက် တစ်လုံး၊ ချပ်ဝတ်တန်ဆာ တစ်စုံနှင့် ဘိန်းဖြူ နှစ်ထုပ် (၄ဂရမ်) ခန့်အား သိမ်းဆည်း ရမိခဲ့သည်။
.
အထက်ပါ ဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူများ ထံမှ အလောင်း သုံးလောင်း၊ ကျည်မျိုးစုံ ၃၃၁ တောင့်၊ ရော့ကတ်ပို့ကျည် နှစ်တောင့်၊ တိုက်မိုင်းနှစ်လုံး၊ လျှပ်စစ် ဒီတိုနေတာ ၂ဝဝဝ ခု၊ ယာဉ် နှစ်စီး၊ ဘိန်းဖြူ နှစ်ထုပ်နှင့် ယူနီဖောင်း ၆၅ စုံ အပါအဝင် စစ်ဝတ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပြီး ၁၅ ဦး အရှင် ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်မှ အရာရှိ/ စစ်သည် လေးဦး နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့ကာ စစ်သည် ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger