www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 1, 2015

ဆေးလိပ်သောက်သုံးမှု အန္တရာယ်


ဆေးလိပ်သောက်သုံးမှု အန္တရာယ်

မြန်မာမှု နယ်ပယ်တွင် ကျေးလက်နေ ပြည်သူများ၏ အိမ်ဦးခန်း၌ နေရာ ပေးထားခြင်း ခံရသော အရာ ၊ သာရေး နာရေး ကအစ မပါလျှင် မပြီးသော အရာ ၊ နေ့- ည မရွေး လူတို့ တတ်မက်စွဲမြဲသော အရာမှာ ဆေးလိပ် ဖြစ်သည်။
.
ထို့ကြောင့် ကျေးလက်ဒေသ များတွင် ဧည့်သည်လာ ၊ ရဟန်း ၊ သံဃာများ လာသောအခါ ဆေးလိပ် ၊ ကွမ်း ၊ လက်ဖက် ၊ ရေနွေးကြမ်း စသည်ဖြင့် ဧည့်ခံတတ် ကြသည်။ ထိုသို့ ဘာသာရေး ၊ လူမှုရေး ကအစ သာရေး ၊ နာရေး ဟူသမျှတွင် ဧည့်ခံမှု ပြုတတ်ကြ သည်မှာ ကျေးလက်၏ ဖြူစင် ရိုးသားသော ယဉ်ကျေးမှု တစ်ရပ် ဖြစ်သည်။
.
ဆေးလိပ်ကို ဘိုး ၊ ဘွား ၊ ဘီ ၊ ဘင် ကအစ ကလေးလူငယ် အဆုံး သားစဉ် မြေးဆက် သောက်သုံး လာကြသည်။ အကြောင်းမှာ လူကြီးများက သား - မြေးများကို ဆေးလိပ်မီးတို့ ခိုင်းရာတွင် လူငယ်များက တစ်ဖွာ တစ်ရှိုက် သောက်ကြရာမှ ဆေးလိပ် ၊ ဆေးတံ မသောက်ရလျှင် မနေနိုင်သော အဆင့်သို့ ရောက်ကြရသည်။
.
မြန်မာနိုင်ငံတွင် ဆေးတံ ၊ ဆေးလိပ် သောက်သုံး လာခဲ့ကြ သည်မှာ ယခုအခါမှ မဟုတ်။ သမိုင်းချီ ကြာခဲ့ပြီ ဖြစ်သည်။ အစောပိုင်းတွင် ဆေးတံ တစ်မျိုးတည်းကိုသာ သောက်ခဲ့ကြ ရာမှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တွင် ဆေးသားလိပ် ၊ ဆေးပြင်းလိပ် ၊ ဖက်ဆေးလိပ် စသည်ဖြင့် ဒေသထွက် သနပ်ဖက် ၊ ပြောင်းဖူးဖက် ၊ ကောက်ရိုး အစီခံ ၊ ဥနှဲသားကို ခုတ်စင်းပြီး ဆေးရွက်ပြီး နှင့် ရောနှောကာ ဆေးလိပ်ပြုလုပ် သောက်သုံး လာကြခြင်းဖြစ်သည်။
.
ယခုအခါ ကမ္ဘာနှင့် အ၀န်းတွင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးသူ ၁ ဒသမ ၃ ဘီလီယံ ကျော်အထိ ရှိနေပြီ ဖြစ်သည်။ တစ်ချိန်က ဆေးလိပ်၏ ဆိုးပြစ်ကို မသိခဲ့ကြ သော်လည်း ယခုအခါ လူကို အန္တရာယ် ပြုမှန်း သိလာသောကြောင့် အချို့ ဆေးလိပ်ဖြတ်ကြ သူများလည်း ရှိလာကြသည်။ ဆေးလိပ် သောက်သုံးမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခြေက်သန်းခန့် သေဆုံးလျက် ရှိပြီး ခြောက်စက္ကန့်လျှင် လူတစ်ဦးနှုန်း သေဆုံးလျက် ရှိသည်။
.
ထို့ကြောင့် ၂၀၃၄ ခုနှစ်တွင် ဆေးလိပ် သောက်သုံးမှုကြောင့် လေးစက္ကန့်လျှင် တစ်ဦးနှုန်း သေဆုံးနိုင်ကြောင်း WHO က ခန့်မှန်းချက် ပေးထားကြောင်း ၊ ထိုကဲ့သို့ သေဆုံးမှု၏ လေးပုံတစ်ပုံ သည် မြန်မာနိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အများဆုံး ဖြစ်နိုင်ကြောင်း သိရသည်။
.
သို့ဖြစ်ရာ ဆေးလိပ် သောက်သုံးခြင်းသည် မိမိကိုယ်၌ ရောဂါမျိုးစုံ ဖြစ်ပွား စေတတ်ပြီး ပတ်ဝန်းကျင် ရှိ လူများကိုလည်း ဆေးလိပ်ငွေ့မှ တစ်ဆင့် အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဆေးလိပ် သောက်သုံးခြင်း ကို မိမိကိုယ်တိုင် သောက်သုံးခြင်းမှ ရှောင်ကြဉ်ပြီး အခြား လူငယ် လူရွယ် များကိုလည်း ပညာပေး ဆုံးမကြရမည် ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။
.
( အယ်ဒီတာ့အာဘော် )
.
#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger