www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း သုံးမြို့အတွက် ကောက်ခံဆဲ အချက်အလက်များကို ဒီဇင်ဘာ ၁ ရက်အပြီး ပေးပို့ရမည်



ရန်ကုန် ၊ ၁၆-၃-၂၀၁၅

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ပျူမြို့ဟောင်း သုံးမြို့အတွက် ဆက်လက် ကောက်ခံဆဲ အချက်အလက် များကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ယူနက်စကို သို့ အပြီးသတ် ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ထားသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ဟူသည့် ပျူမြို့ဟောင်း သုံးမြို့သည် ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ကမ္ဘာ့ အမွေအနှစ် ဝင်ခဲ့ခြင်း ဖြစ်သော်လည်း ထပ်မံ ကောက်ယူရမည့်အချက်အလက်များ ရှိနေသေးသည့် အတွက် ကောက်ယူလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကောက်ယူရာတွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နေရာဒေသ များသည် ယဉ်ကျေးမှု ဆိုင်ရာ စံနှုန်း ခြောက်ချက်၊ သဘာဝ အမွေအနှစ် ဆိုင်ရာ စံနှုန်း လေးချက်နှင့် ပြည့်မီရန် လိုအပ်သည်ဟု သိရပြီး လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံမှ ပျူမြို့ဟောင်း သုံးမြို့သည် ယဉ်ကျေးမှု စံနှုန်း သုံးချက်နှင့် ကိုက်ညီ ထားသည့်အတွက် လိုအပ်သည့် အချက်အလက် ကောက်ယူမှုများ ကို ဆက်လက် ဆောင်ရွက်လျက် ရှိကာ လာမည့် ဒီဇင်ဘာ ၁ ရက်အမီ ပေးပို့ သွားရမည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အချက်အလက်များ ကောက်ယူမှု လုပ်ငန်းမှာ လက်ရှိတွင် ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း များကို အချက်အလက် လိုအပ်ချက်ရှိနေသော်လည်း ခြွင်းချက်အနေဖြင့် ခွင့်ပြု ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ပျူမြို့ဟောင်း သုံးခု သဘာဝ အမွေအနှစ် ဆိုင်ရာ အချက်အလက်များ ဆက်လက် ကောက်ယူ နေဆဲဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သွားပြီ ဖြစ်သော်လည်း ဆက်လက် ဆောင်ရွက်ဆဲ ပျူမြို့ဟောင်းများမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း သရေခေတ္တရာ၊ မကွေးတိုင်း ဒေသကြီးအတွင်း ဗိဿနိုး၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဟန်လင်း မြို့ဟောင်းများ ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger