www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 19, 2015

မြို့ပတ်ရထားများ နေရာတွင် RBE အဲယားကွန်း အထူးရထား ငါးစင်းဖြင့် မတ်လတွင် အစားထိုးပြေးဆွဲသွားမည်



ရန်ကုန် ၊ ၁၉-၂-၂ဝ၁၅

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော မြို့ပတ်ရထားများ နေရာတွင် RBE အဲယားကွန်း အထူးရထား ငါးစင်းဖြင့် မတ်လတွင် အစားထိုး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။

ရန်ကုန်မြို့ပတ် ရထားများ နေရာတွင် အစားထိုး ပြေးဆွဲရန် ဂျပန်နိုင်ငံမှ RBE အဲယားကွန်း ရထားတွဲဆိုင်း အသစ် အစင်း ၂ဝ ဝယ်ယူထားပြီး မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း၊ တွဲဆိုင်းများကို စင်းလုံးငှား ရထားလိုင်းများ နှင့် ပြည်တွင်း ပုံမှန်ခရီးစဉ် ရထားလိုင်း များတွင် အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

မြို့ပတ်ရထားများ အားလုံး နေရာတွင် အစားထိုး သွားမည် မဟုတ်ဘဲ တွဲဆိုင်း အစင်း ၂ဝ ကို ရထားငါးစင်း ပြန်ဖွဲ့၍ ရန်ကုန်မြို့ပတ် သံလမ်းများ နှင့် ကိုက်ညီအောင် ချိန်ညှိပြီး မတ်လတွင် အစားထိုး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇)မှ အတည်ပြု ပြောကြား ထားသည်။

မြန်မာ့မီးရထားမှ အဆင့် မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင် နေခြင်းဖြစ်ရာ ၂ဝ၁၅ ခုနှစ်အတွင်း တွဲဆိုင်းများ ထပ်မံ ဝယ်ယူရန် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အကူအညီဖြင့် ဆောင်ရွက် နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်၏ မြို့ပတ်ရထား စနစ်ကို ပိုမိုကောင်းမွန် လာစေရန် ဒီဇင်ဘာ နောက်ဆုံးပတ်က ရန်ကုန်- ကျိုက်ထိုသို့ အဲယားကွန်း တွဲဆိုင်းဖြင့် ပုံမှန်ပြေးဆွဲပေး နေသည့် ခရီးစဉ်ကို ရပ်ဆိုင်းကာ အဆိုပါ ရထားကို မြို့ပတ်လိုင်းသို့ ထည့်သွင်း ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ပတ် ရထားလမ်း၌ အဲယားကွန်း အထူးရထား လေးစင်း ရိုးရိုးတွဲဆိုင်း ၂၃ ဆိုင်းကို ခေါက်ရေ ၂ဝဝ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲ ပေးလျက် ရှိကြောင်း မြန်မာ့မီးရထား မှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger