www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 16, 2015

လောက်ကိုင်မြို့တွင်း နယ်မြေရှင်းလင်းရာ လူ ၊ လက်နက် ၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထပ်မံ သိမ်းဆည်းရမိ


လောက်ကိုင်မြို့တွင်းမှ ထပ်မံ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း များကိုတွေ့ရစဉ်

လောက်ကိုင်မြို့တွင်းမှ ထပ်မံ သိမ်းဆည်းရမိသော လက်နက် ၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါး များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၆-၂-၁၀၅

လောက်ကိုင်နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ လောက်ကိုင်မြို့ အတွင်း၌ ကိုးကန့် တိမ်းရှောင် အင်အား အချို့နှင့် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းမှ စ၍ ည ၇ နာရီထိ ထိတွေ့တိုက်က်ပွဲ ဖြစ်ပွားမှု အခြေအနေများ အား သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီ နောက်ပိုင်းတွင် ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူ များမှ လောက်ကိုင်မြို့ အားမြို့ပြင်ပမှ လာရောက် နှောင့်ယှက် ပစ်ခတ် ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် နယ်မြေအား တပ်မတော် စစ်ကြောင်း များက လိုက်လံရှင်းလင်း ချေမှုန်းခဲ့သည့် အပြင် လောက်ကိုင် မြို့တွင်းတွင်လည်း ဆက်လက် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူ များထံမှ လက်နက်ငယ် နှစ်လက်၊ ခဲယမ်းမျိုးစုံ၊ လမ်းလျှောက် စကားပြောစက် ရှစ်လုံး၊ Laptop Computer လေးလုံး၊ မူးယစ်ဆေးဝါး များနှင့် သောင်းကျန်းသူ အလောင်း ငါးလောင်းတို့အား ထပ်မံ သိမ်းဆည်း ရမိသည်။

တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ အတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်မှ ယနေ့ထိ ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူများ ထံမှ လက်နက်ငယ် မျိုးစုံ ၁ဝဝ လက်၊ ခဲယမ်း နှင့် ဆက်စပ် ပစ္စည်းမျိုးစုံ၊ လမ်းလျှောက် စကားပြောစက် ရှစ်လုံး၊ Laptop Computer လေးလုံး၊ မူးယစ်ဆေးဝါး များနှင့် သောင်းကျန်းသူ အလောင်း ၁၈ လောင်းတို့အား ရရှိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရ ရှစ်ဦးကိုလည်း ဖမ်းဆီးရမိ ခဲ့သည်။

ကိုးကန့် တိမ်းရှောင် သောင်းကျန်းသူ ထံမှ ဖမ်းဆီး ရမိခဲ့သော အပြင်းအထန် ဒဏ်ရာရရှိသူ ရှစ်ဦးအား တပ်မတော်မှ ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရရှိဒဏ်ရာ များကြောင့် သေဆုံးသွား ခဲ့ကြောင်း နှင့် လောက်ကိုင် နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် လောက်ကိုင်မြို့ နှင့် ဆက်စပ်ဒေသ များတွင် နယ်မြေ ရှင်းလင်းခြင်း များကို အသေးစိတ် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger