www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

ဆေးခြောက်ရှူခြင်းကြောင့် ဦးနှောက် ပျက်စီးမှုနှုန်း မြင့်မားနိုင်





လန်ဒန် ၊ ၁၈-၂-၂၀၁၅

ဆေးခြောက် ရှူသူများတွင် ဖြစ်ရပ်မှန် အခြေအနေ တစ်ခုကို သာမန်လူများ ကဲ့သို့ ဆင်ခြင် သုံးသပ်နိုင်စွမ်း မရှိဘဲ တလွဲတချော် သိမြင် သဘောပေါက် တုံ့ပြန် တတ်သည့် ဦးနှောက် ပျက်စီးသည့် ရောဂါသည် သာမန် 

လူများထက် သုံးဆ ပိုမြင့်မားနိုင်ပြီး အသစ် တွေ့ရှိရသော Psychosis ရောဂါသည်၏ ၂၄ ရာခိုင်နှုန်း မှာလည်း ဆေးခြောက် သုံးစွဲသူများ ဖြစ်သည်ကို လန်ဒန် ဘုရင့် တက္ကသိုလ် မှ သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆေးခြောက် သုံးစွဲသူ လူပေါင်း ၇၈၀ ကို လေ့လာမှု ပြုရာတွင် ဆေးခြောက် ရှူသူများသည် ဦးနှောက် ပျက်စီးနိုင်ခြေ သုံးဆပိုပြီး နေ့တိုင်း သုံးစွဲသူ ဖြစ်ပါက ငါးဆမျှ ပိုလာနိုင်သည်။ ဦးနှောက် ပျက်စီးသည် ဆိုရာ၌ အဖြစ်အပျက် တစ်ခုကို သာမန်လူများ ကဲ့သို့ ပကတိ အသိနှင့် မမြင်နိုင်တော့ဘဲ ကပေါက်တိ ကပေါက်ချာ ပြောင်းပြန် တွေးခြင်း ၊ အဆီအငေါ် မတည့်ဘဲ တွေးမိ တွေးရာ မြင်တတ်ခြင်း ဖြစ်သည်ကို လန်ဒန် ဘုရင့် တက္ကသိုလ်မှ ဦးဆောင် သုတေသီက လေ့လာ တွေ့ရှိချက်များ အရ သိရသည်။

ဆေးခြောက် အမျိုးမျိုး အနက် အနံပြင်းထန်သည့် ဆေးခြောက် Cannabis ၊ လူသုံးများသည့် ဆေးခြောက် Weeb နှင့် ဆေးခြောက် အပျော့စား Hash ဟူ၍ ရှိသည်။ လူ၏ ဦးနှောက်ကို အထိခိုက် စေနိုင်ဆုံးသော ဆေးခြောက်မှာ Cannabis ဖြစ်သည်။ ယင်းကြောင့် သောက်သုံးသူမှာ ထင်ယောင် ထင်မှား ဖြစ်တတ်သည်။ စိတ်ရူးသွပ် ဖောက်ပြန် သွားသူ တစ်ဦးကဲ့သို့ တောင်စဉ် ရေမရ တတွတ်တွတ် ရေရွတ် နေတတ်သည်။ လူကောင်း တယောက်ကဲ့သို့ ထင်ရသော်လည်း ဆက်စပ်၍ မရသော စကားများ ပြောဆိုကာ အခန့်မသင့်လျှင် အန္တရာယ် ပေးနိုင်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုတွင် အချို့ပြည်နယ် များတွင် ဆေးခြောက် သုံးစွဲမှုကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ဆေးခြောက် သုံးစွဲမှုနှုန်း မြင့်တက်လာပြီး အများသုံး ဆေးခြောက် Weeb အပြင် Cannabis ဟုခေါ်သည့် နံစော် ဆေးခြောက်လည်း သုံးစွဲမှု ပျံ့နှံ့လာရာ ဦးနှောက်ကို ထိခိုက် ပျက်စီးစေသည့်နှုန်း အထူးမြင့်မား သည်ကို တွေ့ရှိ သတိပေး နေကြခြင်း ဖြစ်ပြီး Cannabis သုံးစွဲမှုကြောင့် ဦးနှောက်ပျက်စီး ပြီး စိတ်ကစဥ့်ကလျား ဖြစ်သည်ကို နှစ်ရှည်လများ ဆေးကုသခံ ခဲ့ရကာ သက်သာစပြု နေပြီဖြစ်သော အမျိုးသမီး တစ်ဦးက " ကျွန်မ အသက် ၂၀ လောက် ကတည်းက Cannabis ကို သုံးစွဲခဲ့ ပါတယ်။ သိပ် မကြာပါဘူး ၊ ကျွန်မစိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာကို သတိထား မိလာတယ် ၊ စကြ၀ဠာကြီး ပျက်စီး သွားမှာကို ကြောက်နေမိတယ် ၊ အိမ်ထဲကနေ အပြင် ထွက်လိုက်ရင် အိမ်ပျောက် သွားမှာကို စိုးရိမ်တယ် ၊ သေမင်းကြီးက လာလာခေါ် နေတယ်လို့ ခဏခဏ စိတ်ထဲ ဖြစ်တယ် ၊ အဲဒီ နောက်ပိုင်းမှာ ကျွန်မစိတ်ကို ကျွန်မ မထိန်းနိုင် တော့ပါဘူး ... " ဟု ဆေးခြောက် သောက်ခြင်း၏ ဆိုးကျိုးကို ပြောပြသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger