www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 3, 2015

အာရှဒေသ ရှားပါးမျိုးစိတ် ၁ဝ မျိုးတွင် မြန်မာနိုင်ငံ၌သာ တွေ့ ရသည့် ကြယ်လိပ်နှင့် ဆိုက်ဘေးရီးယား သမင်မျိုးစိတ်များ ပါဝင်


မြန်မာ့ကြယ်လိပ်များ

ရန်ကုန် ၊ ၃-၂-၂၀၁၅

ကမ္ဘာတစ်ဝန်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး များကို လုပ်ဆောင်နေသော တစ်ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF (ယခင် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့) မှ အာရှနိုင်ငံ များ၌ တရားမဝင် ဖမ်းဆီးရောင်းချခံ နေရပြီး လူအများ ဂရုမပြုမိ သေးသော အာရှ ရှားပါးတောရိုင်း တိရ စ္ဆာန်နှင့် သစ်ပင်ပန်းမန် ၁ဝ မျိုးစာရင်း ကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း ၌သာ တွေ့ရသည့် မြန်မာ့ကြယ်လိပ် နှင့် မြန်မာနိုင်ငံ၌ ကျန်ရှိ ကျက်စား နေသေးသည့် ဆိုက်ဘေးရီးယား သမင်မျိုးစိတ် များလည်း ပါဝင်ကြောင်း သိရသည်။

တောရိုင်း တိရစ္ဆာန်များ အနေဖြင့် မှောင်ခို ရောင်းဝယ်သည့် ဈေးကွက်အတွင်း ဖမ်းဆီးရောင်းချခံ နေရသော်လည်း လူသိနည်းသည့် အာရှမျိုးစိတ် တောရိုင်း တိရစ္ဆာန်များကို သက်ဆိုင်ရာ အစိုးရများက ဂရုပြုမိပြီး တရားမဝင် ဖမ်းဆီးရောင်းချ နေခြင်းများကို တားဆီးကာ လုံးဝ ကာကွယ်ပေးရန် မီးမောင်းထိုးပြ လိုသဖြင့် မျိုးစိတ် ၁ဝ မျိုးကို ထုတ်နုတ် ရွေးချယ် လိုက်ကြောင်း သိရသည်။ အဆိုပါ ရှားပါးမျိုးစိတ် ၁ဝ မျိုး ကျက်စားရာ နိုင်ငံများမှ အစိုးရများကို ရှားပါး တိရစ္ဆာန်များ တရားမဝင် ဖမ်းဆီး ရောင်းဝယ်ခြင်း များကို ထိထိရောက်ရောက် ကိုင်တွယ် နှိမ်နင်းရန်နှင့် ထိုသို့ ကိုင်တွယ်ရာတွင် နည်းပညာ အသစ်များ အသုံးပြုပြီး မြေပြင်၌ ထိထိ ရောက်ရောက် ဆောင်ရွက်ရန် တိုက်တွန်း ပြောကြား ထားသည်။

မြန်မာနိုင်ငံမှ ကြယ်လိပ် မျိုးစိတ်သည် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင် နေရသော ( Critically Endangered Species ) မျိုးစိတ်ဖြစ်ပြီး အာရှတစ်ခွင်၌ အသားနှင့် ရိုးရာ တိုင်းရင်းဆေး ဖော်စပ်ရန် မှောင်ခိုဈေးကွက် ဝယ်လိုအား ရှိနေကြောင်း သိရသည်။ ထို့အပြင် ကြယ်လိပ်ကို အိမ်မွေး တိရစ္ဆာန် အဖြစ် မွေးမြူရန် ဥရောပနှင့် မြောက်အမေရိက ဒေသတို့မှ ဒေါ်လာ ထောင်ချီ ပေးဝယ်နေခြင်း တို့ကြောင့် ကြယ်လိပ်များမှာ သဘာဝ တောများအတွင်း ဆိုးရွားစွာ လျော့နည်း လာကြောင်း WWF မှ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၌ ကြယ်လိပ်များကို မင်းစုံတောင် တောရိုင်း တိရ စ္ဆာန် ဘေးမဲ့တော၊ လောကနန္ဒာ အမျိုးသား ဥယျာဉ်နှင့် ရွှေစက်တော် ဘေးမဲ့တော စသည့် နေရာသုံးနေရာ ၌ ခြံခတ် မွေးမြူကာ ကောင်ရေ တိုးပွားအောင် ပြုလုပ်သည့် ( Captive Breeding ) နည်းဖြင့် ကောင်ရေ ပြန်လည် တိုးပွားအောင် ၁၉၉၅ ခုနှစ် ကတည်းက စတင် လုပ်ဆောင်ခဲ့သည်။ မျိုးပွားထားသော ကြယ်လိပ်များကို ပြီးခဲ့သည့် နှစ်မှစတင်ကာ သဘာဝ တောအတွင်း ပြန်လွှတ်ခြင်းဖြင့် ကောင်ရေ တိုးပွားအောင် ပြုလုပ်ခြင်းဖြင့် ကမ္ဘာ့ရှားပါး တိရစ္ဆာန် မျိုးမသုဉ်းသည့် နည်းကို စမ်းသပ်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ထုတ်ပြန်သည့် အာရှဒေသ ရှားပါးမျိုးစိတ် ၁ဝ မျိုးတွင် မြန်မာ နိုင်ငံ၌သာ တွေ့ရှိရသည့် ကြယ်လိပ်နှင့် မြန်မာ နိုင်ငံ၌ ကျန်ရှိကျက်စား နေသေးသည့် ဆိုက်ဘေးရီးယား သမင်မျိုးစိတ်တို့ အပါအဝင် အာရှဒေသ၌သာ ကျက်စား ရှင်သန်သည့် ဝက်ဝံ၊ သင်းခွေချပ်၊ တောက်တဲ့၊ သစ်ခွပန်း၊ ထိုင်းသစ်မွှေး၊ စပါးကြီးမြွေ၊ မျောက်လေပွေ နှင့် မျောက်မျိုးစိတ်များ ပါဝင်ကြောင်း သိရသည်။

အာရှဒေသ၌ တောရိုင်း တိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီးကာ မှောင်ခိုတင်ပို့ နေခြင်းများ လုံးဝ ပပျောက်ရေးကို နိုင်ငံတကာ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက် ရှိသည်။ ဖေဖော်ဝါရီ ၂ ရက် မှ ၆ ရက်အထိ နီပေါနိုင်ငံ၌ အာရှဒေသတွင် တောရိုင်း တိရ စ္ဆာန် တရားမဝင် ဖမ်းဆီး ရောင်းဝယ် ဖောက်ကားခြင်း လုံးဝ ကင်းစင်စေရေး အတွက် စုံညီ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ၍ ပညာရှင်များ ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger