www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

တပ်မတော်စစ်ကြောင်း များနှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့ ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား



နေပြည်တော် ၊ ၁၁-၂-၂၀၁၅

နယ်မြေခံ ပြည်သူလူထု၏ သတင်း ပေးချက်အရ တပ်မတော် စစ်ကြောင်း များက လောက်ကိုင် ဒေသအတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကိုးကန့် တိမ်းရှောင် အဖွဲ့များနှင့် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယမန်နေ့ တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

လောက်ကိုင်မြို့ အနောက် တောင်ဘက် တောက်ရွှေကျေးရွာ အနီး ဖေဖော်ဝါရီ ၉ ရက်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့သော ကိုးကန့် တိမ်းရှောင် အဖွဲ့အား နယ်မြေအတွင်း အခြေပြု လှုပ်ရှားနိုင်ခြင်း မရှိစေရေး အတွက် ယမန်နေ့တွင် တပ်မတော် စစ်ကြောင်း များက ၄င်းတို့ ဆုတ်ခွာရာ အနောက်ဘက် နှင့် အနောက် မြောက် ဘက်သို့ ထက်ကြပ် လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် နံနက်ပိုင်း နှင့် မွန်းလွဲပိုင်း တို့တွင် လောက်ကိုင်မြို့ အနောက်မြောက် ဘက်ရှိ ညံခွမ်း ကျေးရွာ ၏ အရှေ့ဘက် တစ်ဝိုက် တွင် သုံးကြိမ်၊ တာရွှေထန် ကျေးရွာ အနောက် မြောက်ဘက် တွင် တစ်ကြိမ် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အင်အားစု များနှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း များကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger