www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 16, 2015

ဂျပန်နိုင်ငံမှဝယ်ယူရန် ကမ်းလှမ်းထားသော ကော်ဖီကုန်ကြမ်းများကို တောင်သူများထံမှ ဈေးကောင်းပေး ဝယ်ယူမည်



ရန်ကုန် ၊ ၁၆-၂-၂ဝ၁၅

မြန်မာ့ကော်ဖီ ကုန်ကြမ်းများကို ဂျပန်နိုင်ငံ မှ ဝယ်ယူရန် ကမ်းလှမ်းလျက် ရှိရာ အရည်အသွေး ပြည့်မီသော ကော်ဖီ ကုန်ကြမ်းများကို တောင်သူများ ထံမှ ဈေးကောင်းပေး ဝယ်ယူမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။

ဂျပန်နိုင်ငံသို့ တင်ပို့ရန် ကော်ဖီစေ့ အခွံပါ တစ်ထပ်ချွတ် ထားသော ကော်ဖီ ကုန်ကြမ်းများကို ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ ဈေးကောင်း ပေးဝယ်မည် ဖြစ်ပြီး အဆိုပါ အခွံတစ်ထပ်ချွတ် ကော်ဖီကုန်ကြမ်း များကို တစ်ပိဿာ လျှင် ငွေကျပ် ၃၈၅ဝ ဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ မြန်မာ့ကော်ဖီ ကုန်ကြမ်းများ ကို တန်ချိန် ထောင်နှင့်ချီ၍ ဝယ်ယူရန် ကမ်းလှမ်း ထားသော်လည်း ပြည်တွင်း၌ စက်ပစ္စည်း မလုံလောက်မှုကြောင့် ပမာဏ များစွာ တင်ပို့နိုင်မည် မဟုတ်သေးကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့ မှ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။

ယင်းကဲ့သို့ တောင်သူများ ထံမှ ကော်ဖီ ကုန်ကြမ်းများ ဝယ်ယူရာတွင် လိုအပ်သော နည်းပညာများကို အဆိုပါ အသင်းမှ ဖြန့်ဝေပေးမည် ဖြစ်သည်။ ကော်ဖီစိုက် တောင်သူများ အနေဖြင့် မိရိုးဖလာ နည်းများကို အသုံးပြု နေသောကြောင့် ကော်ဖီများသည် အရည်အသွေး မပြည့်မီ၍ ဈေးနှိမ်ခံ ရမှုများ ရှိနေကြောင်း ကော်ဖီစိုက် တောင်သူ များထံမှ သိရသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက် ဧက ၆ဝ၇၉၄ ဧကရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကော်ဖီ စိုက်ဧက ၆၃၇၄၈ ဧကရှိကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger