www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 12, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ၊ အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ ၊ ဇနီးများ မလေးရှား တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်

နေပြည်တော် ၊ ၁၂-၂-၂၀၁၅

(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) သို့ တက်ရောက်ခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဖေဖော်ဝါရီ ၁ဝ ရက် ဒေသ စံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် မလေးရှား တပ်မတော် အရာရှိ စားရိပ်သာ၌ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zin  နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံ များမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ နှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zin က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညစာစားပွဲသို့ တက်ရောက် လာသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း မလေးရှားတပ်မတော် တေးဂီတအဖွဲ့ က တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ညစာ သုံးဆောင်အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ တို့သည် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၊ ဇနီးများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း သိရှိရသည်။ 

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger