www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 13, 2015

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူရန် ရွှေပြား ၁၇၀၀၀ ကျော် အလှူခံ ရရှိခဲ့



ရန်ကုန် ၊ ၁၃-၁-၂၀၁၅

လေးနှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူ ပူဇော်လေ့ ရှိသော ရွှေတိဂုံ စေတီတော်အား ယခုတစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူရာတွင် လာရောက် လှူဒါန်းသည့် အလှူရှင်များ နှင့် အဖွဲ့အစည်းများ များပြားသည့် အတွက် အလှူခံ ရရှိသည့် ရွှေပြား အရေအတွက် မှာ ပိုမိုများပြားလျက် ရှိကြောင်း သိရသည်။

ထိုသို့ အလှူခံရရှိမှု များပြားသည့် အတွက် ရွှေပြား ကပ်လှူခြင်းကို ယခင်က မတ်လအတွင်း အပြီးသတ် ဆောင်ရွက်ရန် ရည်ရွယ် ခဲ့သော်လည်း ယခုအခါ မေလအထိ အချိန်ကာလ တိုး၍ ရွှေသင်္ကန်း ကပ်လှူပူဇော် မှုကိုဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာလ တွင် စတင် လုပ်ဆောင်ခဲ့သည့် ရွှေသင်္ကန်း ကပ်လှူပူဇော် မှုတွင် ရွှေတိဂုံ စေတီတော် ၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း တို့ အတွက် တစ်ပေပတ်လည် ရွှေပြား ၉ဝဝဝ ခန့် လိုအပ်ခဲ့ သော်လည်း အလှူခံ ရရှိခဲ့သည့် ရွှေပြား အရေအတွက်မှာ ၁၇ဝဝဝ ကျော် ရှိသည့်အတွက် ပိုနေသော ရွှေပြားများကို ဘုရားအောက်ခြေ ပိုင်းများ၌ ဆက်လက် ကပ်လှူပူဇော်ရန် မေလအထိ အချိန်တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ရွှေသင်္ကန်း ကပ်လှူပူဇော် ရန် လှူဒါန်းသော ရွှေပြားများကို ၂ဝ၁၁ ခုနှစ် ကတည်းက စတင် အလှူခံ ရရှိခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း ရွှေသင်္ကန်း စတင် ကပ်လှူသည့် လများတွင်လည်း လာရောက် လှူဒါန်းသူ အများအပြား ရှိခဲ့ကြောင်း နှင့် ယခုနှစ် ရွှေသင်္ကန်း ကပ်လှူ ပူဇော်သည့် အကြိမ်မှစ၍ ရွှေပြားများကို ရွှေတိဂုံ စေတီတော်ပေါ်သို့ တက်ရောက် လှူဒါန်း လိုသူများ ကိုလည်း ကိုယ်တိုင် တက်ရောက် လှူဒါန်းခွင့်ပြု ခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger