www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 26, 2015

သစ်သီးများ တင်ပို့ရောင်းချရာတွင် သစ်သားသေတ္တာများကို အားထား အသုံးပြုနေသရွေ့ သစ်တော ပြုန်းတီးမှု ဖြစ်ပေါ်နိုင်



တောင်ကြီး ၊ ၂၆-၁-၂၀၁၅

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် သရက်သီး၊ လိမ္မော်သီး၊ ထောပတ်သီး နှင့် ခရမ်းချဉ်သီး မြောက်မြားစွာကို ထည့်သွင်း တင်ပို့ရန် အတွက် သစ်သား သေတ္တာခွံကို အဓိက အားထား၍ ဝယ်ယူ အသုံးပြု နေသရွေ့ ပတ်ဝန်းကျင်ရှိ သစ်တောများ ပြုန်းတီးမှု ဆက်လက် ဖြစ်ပေါ် နေမည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့် လေ့လာသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ သစ်မာသား အစုံဖြင့် ပြုလုပ်ထားသော ပိဿာချိန် ၂ဝ ခန့်ဆံ့သည့် သေတ္တာ တစ်လုံးလျှင် ပေါက်ဈေး ငွေကျပ် ၉ဝဝ မှ ၁ဝဝဝ ရှိကာ သရက်သီး ရာသီကာလ ဖြစ်သည့် မေလမှ စက်တင်ဘာလ ငါးလအတွင်း မူဆယ်၊ ရန်ကုန်နှင့် မန္တလေးသို့ တစ်ရက်လျှင် သေတ္တာပေါင်း ၉ဝဝဝ ခန့် တင်ပို့ကြောင်း၊ အဆိုပါ သေတ္တာ တစ်လုံး၌ သစ်စုံနှစ်ငါးမူးနှင့် နှစ်တစ် ၃၄ ဒသမ ၈ ပေ အသုံးပြု ထားသဖြင့် သစ်တန်ပေါင်း ၄၇ တန်ခွဲနှင့် ညောင်ရွှေ၊ အောင်ပန်း မြို့များမှ တစ်နှစ်လျှင် ခရမ်းချဉ်သီး အရောင်းအဝယ် လုပ်သည့် ရှစ်လတာ ကာလအတွင်း နေ့စဉ် သေတ္တာပေါင်း ၇၈ဝဝ ခန့် တင်ပို့ သဖြင့် သစ်တန်ပေါင်း ၄၁ တန်ခန့် အသုံးပြု ရကြောင်း သိရသည်။

အဆိုပါ သေတ္တာ ပြုလုပ်သည့် သစ်သားများ အတွက် မြို့နယ်ရှိ ပြန်စိတ်ခွဲ သစ်စက်များမှ မလုံလောက် သဖြင့် မြို့နှင့် နီးစပ်ရာ ကျေးရွာများ ၏ ပတ်ဝန်းကျင်ရှိ ညောင်ပင်ကြီး များ၊ ညောင်ပိန္နဲ၊ ညောင်ကြတ်၊ သရက်၊ လက်ပံ၊ သစ်ပုတ်စသည့် သစ်ပင်ကြီး များမှာ သေတ္တာ ပြုလုပ်ရန် လက်ဆွဲလွှ များဖြင့် ပိုင်းဖြတ်ခြင်း ခံရသဖြင့် သစ်ပင် သစ်တောများ တဖြည်းဖြည်း ကွယ်ပျောက် ပြုန်းတီး လာမည်ကို စိုးရိမ်ဖွယ် မြင်တွေ့ နေရကြောင်း သိရသည်။

''ဒီဘက်ခေတ် ကြီးမှာ သေတ္တာခွံနဲ့ ဈေးကွက်တင်ပို့ နေရတာဟာ ကျောက်ခေတ်ကို ပြန်သွား ရသလို ဖြစ်နေပါတယ်။ အချို့ တိုင်းပြည်တွေမှာ လွှစာမှုန့်တောင် တန်ဖိုးရှိတဲ့ အရာပါ။ အဲဒီ အခက်အခဲကို ဖြေရှင်းဖို့ အတွက်ကတော့ ကျွန်တော်တို့ ဒေသမှာ အစားထိုး ထုတ်ပိုးခွံ စက်ရုံ တည်ထောင် နိုင်အောင် ကျွန်တော်တို့ ကြိုးစား ရမှာပါ။ ယမန်နှစ် တရုတ်ပြည်က (15-Kg) ကိုးပိဿာဆံ့ ပလတ်စတစ်ခြင်း တစ်လုံးကို တရုတ်ယွမ် ၇ ဒသမ ၄ ယွမ်၊ မြန်မာ ငွေ ၁၁၈၄ ကျပ် ဝယ်ပြီး သုံးခဲ့ရတယ်။ သယ်ယူ ပို့ဆောင်စရိတ် နဲ့ဆို ငွေကျပ် ၁၅ဝဝ လောက် ကုန်ကျတယ်။ စားသုံးသူက အရောင်စုံ ပလတ်စတစ်ခြင်း  နဲ့ အရောင်းအဝယ် လုပ်တာကို ပိုမို နှစ်သက်ကြတယ်။ ဒါကြောင့် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရင် ပိုကောင်း မှာပါ ''ဟု တောင်ကြီးရှိ သရက်နှင့် ခရမ်းချဉ်သီး စိုက်ပျိုး ထုတ်လုပ်သူ တစ်ဦးက ပြောပြ၍ သိရသည်။(၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger