www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 19, 2015

ရှားပါးငှက်မျိုးစိတ် စာရင်းဝင် ဒေါင်းစိမ်း ခေါ် ဥဒေါင်းငှက် ကို အမျိုးသားငှက်အဖြစ် သတ်မှတ်ရန် ဆွေးနွေးမှုများ ပြုလုပ်



ရန်ကုန် ၊ ၁၉-၁-၂၀၁၅

မြန်မာနိုင်ငံတွင် ကျက်စား နေသည့် ရှားပါး စာရင်းဝင် ငှက်မျိုးစိတ် များတွင် တစ်ခု အပါအဝင် ဖြစ်လာသည့် ဒေါင်းစိမ်း ခေါ် ဥဒေါင်းငှက် ကို အမျိုးသားငှက် အနေဖြင့် သတ်မှတ်နိုင်ရန် အတွက် ဆွေးနွေးပွဲကို ရန်ကုန် တိရစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်ရှိ အစည်းအဝေး ခန်းမ၌ ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီက ကျင်းပ ပြုလုပ် ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားပန်း ကို သတ်မှတ်ပြီး ဖြစ်သော်လည်း အမျိုးသားငှက်ကို ယနေ့ အချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိသေးသည့် အတွက် ထိုကဲ့သို့ ရှားပါး ငှက်မျိုးစိတ် စာရင်းဝင် နေသည့် ဒေါင်းစိမ်းငှက် (ပုံ) ကို သတ်မှတ်ရန် ဆွေးနွေး နေကြခြင်း ဖြစ်ကြောင်း သိရသည်။

''နိုင်ငံတိုင်းမှာ National Flower, National Bird  စသဖြင့် သတ်မှတ် ထားတာကို တွေ့ရမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ National Flower ကို မြန်မာ သော်ကပန်းကြီး ကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ အခု အမျိုးသားငှက် National Bird အနေနဲ့ ဒေါင်းစိမ်း လို့ ခေါ်တဲ့ ဥဒေါင်း (Green Peafwol) ကို သတ်မှတ်နိုင်ဖို့ အတွက် ဆွေးနွေး ခဲ့ကြ ပါတယ် ... ''ဟု ထူးဖောင်ဒေးရှင်း ၏ အမှုဆောင် အရာရှိချုပ် က ပြောပြသည်။

ရှားပါးငှက် မျိုးစိတ်များတွင် ပါဝင်နေသည့် ဒေါင်းစိမ်းငှက် များမှာ မြန်မာ အပါအဝင် အခြားသော နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို နှင့် ဂျာဗား စသည့် နေရာများတွင် တွေ့ရှိရပြီး အကောင်ရေ အားဖြင့် အရွယ်ရောက် ပြီးသော အကောင်ရေမှာ ၁ဝဝဝဝ မှ ၂ဝဝဝဝ ခန့်ထိ ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ တွင် နို့တိုက် သတ္တဝါ မျိုးစိတ် ၂၅၂ မျိုး၊ ငှက်မျိုးစိတ် ၁၁၁၄ မျိုးကို စိစစ် အတည်ပြု ခဲ့ပြီး အတည်ပြု ထားသည့် အဆိုပါ မျိုးစိတ်များကို သစ်တော ဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရ စ္ဆာန် ထိန်းသိမ်းရေး ဌာနသို့ ပေးပို့ အတည်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ၏ ရာသီဥတု သဘာဝ ပေါက်ပင် စုံလင်မှုကြောင့် ဒေသရင်း ကျေးငှက် အမျိုးမျိုးနှင့် အခြားဒေသမှ ရောက်ရှိ လာသော ဆောင်းခိုငှက် အမျိုးမျိုးတို့ နေထိုင် ကျက်စားလျက် ရှိကြရာ သုတေသန ပညာရှင် များ၏ လေ့လာမှု အရ မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁ဝ၃၅ မျိုး ရှိသည့်အနက် ဒေသရင်း ငှက်မျိုးစိတ် ၇၅၆ မျိုးပါဝင်ပြီး အခြားဒေသမှ လာရောက်သော ဆောင်းခိုငှက် မျိုးစိတ် ၂၇၉ မျိုးထိ ရှိကြောင်း သိရသည်။

ဆောင်းခိုငှက်များ အပါအဝင် ဒေသတွင်းရှိ ငှက်များ အများဆုံး ကျက်စားသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ မန္တလေးမြို့ အောင်ပင်လယ် ရေဝပ်မြေ၊ တောင်သမန်အင်း၊ စွတ်မြဲအင်း၊ လိပ်အင်း ပတ်ဝန်းကျင် ဒေသ၊ ရှမ်းပြည်နယ် အင်းလေးဒေသ ပတ်ဝန်းကျင် နှင့် အခြားဒေသ များတွင် ဒေသရင်း ငှက်များနှင့် ဆောင်းခိုငှက် များပါ လာရောက် ကျက်စားလျက် ရှိကြောင်း သိရသည်။(၃၃၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger