www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 7, 2015

၂၀၁၄ ခုနှစ်အတွင်း ဟိုတယ်လုပ်ငန်းကဏ္ဍ၌ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု စံချိန်တင်ခဲ့



ရန်ကုန် ၊ ၇-၁-၂၀၁၅

၂ဝ၁၄ ခုနှစ်အတွင်း ဟိုတယ်လုပ်ငန်း ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၅၅၇ ဒသမ ၅၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၆၁၈ ဘီလီယံ အထိ ဝင်ရောက် ရင်းနှီးမြှုပ်နှံ ခဲ့ကြသဖြင့် စံချိန်တင် ရင်းနှီးမြှုပ်နှံမှု ဖြစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရ သိရသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ကိုးနိုင်ငံမှ ဟိုတယ် စီမံကိန်း ၄၆ ခုအထိ ရင်းနှီးမြှုပ်နှံ ထားပြီး စင်ကာပူ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၂၅ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံ ထားကာ ဗီယက်နမ် နိုင်ငံမှ ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း ၄၄ဝ၊ ထိုင်းနိုင်ငံ မှ အမေရိကန် ဒေါ်လာ ၃၃၉ သန်း၊ ဟောင်ကောင်မှ အမေရိကန် ဒေါ်လာသန်း ၁၅ဝ၊ ဂျပန်မှ အမေရိကန် ဒေါ်လာ ၆၂ သန်း၊ မလေးရှားမှ အမေရိကန် ဒေါ်လာ၂၃ သန်း၊ ဗြိတိန်မှ အမေရိကန် ဒေါ်လာ ခုနစ်သန်း၊ လူဇင်ဘတ်မှ အမေရိကန် ဒေါ်လာ ငါးသန်း၊ ယူအေအီးမှ အမေရိကန် ဒေါ်လာ လေးသန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်း ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သည် ၂ဝ၁၁ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၁၄၄ သန်း၊ ၂ဝ၁၂ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁၄၁၆ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၁၇ သန်း ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅၅၇ ဒသမ ၅၅ သန်းဖြင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု စံချိန်တင် မြင့်တက် ခဲ့ကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်း ကဏ္ဍ၌ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု သည် ၂ဝ၁၁ ခုနှစ်တွင် ငွေကျပ် ၁၁၅၅ ဘီလီယံ၊ ၂ဝ၁၂ ခုနှစ်တွင် ငွေကျပ် ၁၂၆၆ ဘီလီယံ၊ ၂ဝ၁၃ ခုနှစ်တွင် ငွေကျပ် ၁၄၄၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုသည် ငွေကျပ် ၁၆၁၈ ဘီလီယံ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဟိုတယ် ၁၁ဝ၆ လုံး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဟိုတယ်ကဏ္ဍ၌ ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှုသည် ၂ဝ၁၄ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ခဲ့ပြီး ငွေကျပ် ၆၆၉ ဘီလီယံ အထိ ရှိခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၄၃၈ ဘီလီယံ ရှိခဲ့ပြီး ရှမ်းပြည်နယ် ၌ ငွေကျပ် ၁၇၇ ဘီလီယံ၊ ပဲခူးတိုင်း ဒေသ ကြီး ၌ ငွေကျပ် ၈၆ ဘီလီယံ၊ ဧရာဝတီတိုင်း ဒေသကြီး ၌ ငွေကျပ် ၇၇ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger