www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 6, 2015

ကချင်ပြည်နယ်အတွင်း တရားမ၀င် သစ်တင်ယာဉ်များ ၊ သစ်များ နှင့် လူများ ဖမ်းဆီးရမိ


သစ်တင်ယာဉ်များ ပြန်လည် ထွက်ပြေးစဉ် ဖမ်းဆီးရမိပုံ

ဆဒုံး - ကန်ပိုက်တီးဒေသ တရားမ၀င် သစ်တင်ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများ ဖမ်းဆီးရမိမှုပြပုံ

KIA (ကချင်) အဖွဲ့ ၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ်ထန်း လက်မှတ် ရေးထိုးခွင့်ပြု ထားသော သစ်ထုတ်လုပ် ခွင့်ပြုထားသည့်စာ


ဝိုင်းမော် ၊ ၆-၁-၂၀၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ အတွင်း နိုင်ငံတော်၏ သယံဇာတ များဖြစ်သည့် အဖိုးတန် သစ်များအား တရားမဝင် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွား အတွက် သယ်ဆောင် ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင် ထားရှိမှုအား လေကြောင်း ကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်း များက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက် ခဲ့သည်။

ထိုသို့ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် တရားမဝင် သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာတစ်စီး၊ ပါဂျဲရိုး လေးစီး၊ ပီကင်းဂျစ် လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ အမျိုးအစား (စိစစ်ဆဲ) သစ်တင်ယာဉ် ၄၃၆ စီး (၁၄ စီးသစ်ပါရှိ) ၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင်ကယ် ၉ စီး၊ မြန်မာနိုင်ငံသား ကျား ၄ ဦး၊ မ ၁၆ ဦးနှင့် တစ်ဖက် နိုင်ငံသား ကျား ၉၇ ဦး၊ မ ငါးဦး၊ စုစုပေါင်း ၁၂၂ ဦး၊ ချိန်းဆောနှစ်ခု၊ အိပ်ရာလိပ် ၁ဝ ခု၊ ဆိုလာပြား တစ်ပြား၊ ဘက်ထရီ တစ်လုံး၊ ဖုန်းကြိုးတိုင် တစ်ခု၊ စိတ်ကြွ ဆေးပြား ၆၈ဝ ပြား၊ ဘိန်းမည်း ခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝ ကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂ဝဝဝ အား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသော တစ်ဖက် နိုင်ငံသား များထံမှ ကေအိုင်အေ (ကချင်) အဖွဲ့၊ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ်ထန်း လက်မှတ်ရေးထိုး ခွင့်ပြုထားသော သစ်ထုတ်လုပ် ခွင့်ပြု ထားသည့်စာ အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သည့် လူများ၊ သစ်တင်ယာဉ် များနှင့် တရားမဝင် သစ်ထုတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါဒေသ အတွင်းရှိ နိုင်ငံတော်၏ အဖိုးတန် သယံဇာတများ ဆုံးရှုံးမှု မရှိစေရေး တပ်မတော် စစ်ကြောင်းများမှ ဆက်လက် နယ်မြေရှင်းလင်း ဖော်ထုတ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger