www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 17, 2014

မြန်မာနိုင်ငံအတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်


Facebook Reporting Guide

ရန်ကုန် ၊ ၁၇-၁၂-၂၀၁၄

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့် ပြင်ဆင်ရေးဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။

Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာ နိုင်ငံအတွက် Facebook မှ သီးသန့် ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီ အဖွဲ့(မီဒို)မှ သိရသည်။

အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူး ရေးသားနေသည့် Account များ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Facebook စာမျက်နှာ များကို မြန်ဆန်သည့် လုပ်ဆောင်မှု များဖြင့် ပိတ်သိမ်း ပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေးသား နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် ကတည်းက Facebook သို့ တိုင်ကြား နိုင်သည့်စနစ် (Report) ကို ထည့်သွင်း ပေးထား သော်လည်း အချက်အလက် ရွေးချယ်သည့် နေရာတွင် ရှုပ်ထွေးမှုများ ရှိနေသည့် အတွက် ပြည်တွင်းမှ အသုံးပြုသူများ အနေဖြင့် နားလည်နိုင်ရန် ခဲယဉ်းသည့် ပြဿနာ ရှိနေခဲ့ကြောင်း သိရသည်။

သို့သော် အချို့သော နေရာများ၌ ပြည်တွင်းနှင့် မကိုက်ညီသည့် အချက်အလက် များနှင့် လိုအပ်သည့် အချက်များ ရှိနေဆဲ ဖြစ်သည့် အတွက် မြန်မာနိုင်ငံ အတွက် သီးသန့် တိုင်ကြားမှု ပုံစံကို ရေးဆွဲ နေရခြင်း ဖြစ်ကြောင်း သိရသည်။

Account ပိတ်သိမ်းပစ်ရန် တိုင်ကြား ရာတွင် ပိတ်သိမ်း လိုသည့် Account သို့မဟုတ် Facebook စာမျက်နှာသို့ ဝင်ရောက်ကာ Report Account ဟူသည့် ခေါင်းစဉ်ကို ရွေးချယ်ရမည် ဖြစ်သည်။ ရွေးချယ်ပြီး ပါက အဆိုပါ Account မှာ အမည်မှန် အသုံးပြု မထားခြင်း၊ အခြားသူ တစ်ဦးကို ၄င်း Account ပိုင်ရှင်က စိတ် အနှောင့်အယှက် ဖြစ်စေခြင်း၊ တခြားသူ တစ်ဦးဦးအဖြစ် ဟန်ဆောင် အသုံးပြုခြင်း၊ လိမ်လည် သုံးစွဲနေသည့် Account ဖြစ်ခြင်းစသည့်အချက်များ ထပ်မံ တွေ့ရှိပါက ယင်းတို့ အတွင်းမှ တစ်ချက်ချက်ကို ရွေးချယ်ကာ တိုင်ကြားရမည် ဖြစ်သည်။

ထို့အပြင် Facebook မှ ၄င်း၏ အချက်အလက် နှင့် အသုံးပြုမှု အပေါ် လိုက်နာရမည့် အခြေအနေ များကိုလည်း မြန်မာဘာသာ ဖြင့် ထုတ်ဝေရန် ရေးသား ပြင်ဆင် နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ Facebook အသုံးပြုသူများ အနေဖြင့် Facebook စာမျက်နှာပေါ်မှ ထိပါး စော်ကားခြင်း၊ အမုန်းပွားစရာ စကား ပြောဆိုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စများ ဖြန့်ချိ ရေးသား နေခြင်းတို့ တွေ့ရှိပါက တိုင်ကြားမှု အားနည်း နေဆဲဖြစ်ပြီး Block ပစ်လိုက်နိုင်သည့် အနေအထား သာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger