www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 17, 2014

ပညာရေးကောလိပ် ဆရာ ဆရာမများ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး အစီအစဉ်တွင် ဗြိတိသျှ ကောင်စီမှ စတာလင်ပေါင် ၄ ဒသမ ၂ သန်း အသုံးပြု


ရန်ကုန် ၊ ၁၇-၁၂-၂၀၁၄

ပညာရေးကောလိပ် ဆရာ၊ ဆရာမများအား အင်္ဂလိပ်ဘာသာ စကား သင်ကြားရေး အစီအစဉ် နှစ်နှစ်စီမံကိန်း အတွက် ဗြိတိသျှကောင်စီ မှ စတာလင်ပေါင် ၄ ဒသမ ၂ သန်း အသုံးပြု ထားကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ် ဘာသာစကား သင်ကြားရေး အစီအစဉ်အတွက် ကုန်ကျစရိတ် စတာလင်ပေါင် ၄ ဒသမ ၂ သန်း (အမေရိကန် ဒေါ်လာ ၇ သန်း) ကို ဗြိတိသျှကောင်စီ နှင့် ဗြိတိန် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ေ ရးဌာနတို့ ပူးပေါင်း ထောက်ပံ့ပေးခြင်း ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကား သင်ကြားရေး အစီအစဉ်တွင် အင်္ဂလိပ် ဘာသာစကားကို မိခင် ဘာသာစကား (Mother Language) အဖြစ် ပြောဆိုသူ ဆရာ၊ ဆရာမ ၅ဝ ဦးက ပညာရေး ကောလိပ်မှ ဆရာ၊ ဆရာမများအား မြန်မာနိုင်ငံ တစ်ဝန်းရှိ ပညာရေး ကောလိပ် နှင့် ပညာရေး တက္ကသိုလ်များ၌ အခြေစိုက် ၍ သင်ကြား လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

မန္တလေး၌ ပြုလုပ်သော အဆိုပါ ပညာရေးကောလိပ် ဆရာ၊ ဆရာမများ အတွက် အင်္ဂလိပ် ဘာသာစကား သင်ကြားရေး အစီအစဉ် တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick ကလည်း စေတနာ့ ဝန်ထမ်း အဖြစ် လုပ်ဆောင် ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစိုးရက ဗြိတိန်ဝန်ကြီးချုပ် David Cameron အား ပညာရေးပြုပြင် ပြောင်းလဲရေးကို အထောက်အပံ့ ပေးရန် ပန်ကြားခဲ့ရာမှ ပညာရေး ကောလိပ် ဆရာ၊ ဆရာမများ အတွက် အင်္ဂလိပ် ဘာသာစကား သင်ကြားရေး အစီအစဉ် (The English for Education College Trainers- EfECT) ဖြစ်ပေါ် လာခဲ့ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger