www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 14, 2014

တွင်းတောင်အင်း ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် ကြိုးပမ်းမည်


ကမ္ဘာ့အမွေအနှစ် ( World Heritage ) တင်သွင်းမည့် တွင်းတောင်အင်း

ဘုတလင် ၊ ၁၄-၁၂-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ၌ရှိသော စိမ်းပြာရေညှိ ထွက်ရှိသည့် တွင်းတောင်အင်း ကို ကမ္ဘာ့အမွေအနှစ် ( World Heritage ) စာရင်းဝင်အဖြစ် အသိအမှတ် ပြုခံရစေရန် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) သို့ တင်ပြသွားရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်တွင်းရှိ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အသင်း မှ တွင်းတောင် ဂေဟစနစ် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောသည်။

ကမ္ဘာ့ပေါ်၌ စပီရူလိုင်းနား သဘာဝ စိမ်းပြာရေညှိကို မက္ကဆီကို၊ အာဖရိကနှင့် မြန်မာနိုင်ငံ တို့၌ တွေ့ရှိရ သော်လည်း မြန်မာနိုင်ငံရှိ တွင်းတောင်အင်း မှာ အခြားသော ရေညှိ၊ ရေမှော်မျိုးစေ့များ ရောနှောနေခြင်း မရှိဘဲ
စပီရူလိုင်းနား တစ်မျိုးတည်းသာ ရှင်သန်နေသည့် ကမ္ဘာပေါ်၌ တစ်ခုတည်းသော ရှားပါးအင်းကြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့သော အဖိုးတန် ဇီဝသယံဇာတများ ရှင်သန်ရာ တွင်းတောင်အင်းကြီး ရေရှည် တည်တံ့စေရေး အတွက် ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ကျွမ်းကျင်သူ များ၏ နည်းပညာ အကူအညီနှင့် အထောက်အပံ့ များလိုအပ်ကြောင်း၊ ထို့ကြောင့် ယူနက်စကိုသို့ တင်ပြ လျှောက်ထား၍ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုမှု ခံရစေရန် နှင့် လိုအပ်သော ထိန်းသိမ်း စောင့်ရှောက်မှု များရရှိစေရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

ထိုသို့ ဆောင်ရွက် ရာတွင်လည်း ပြည်တွင်းရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ဝန်ကြီး ဌာနများမှ ခွင့်ပြုချက်ရယူပြီး ယူနက်စကို သို့ တင်ပြ လျှောက်ထားကာ အဆင့်ဆင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

တွင်းတောင်အင်းကြီး သည် မီးတောင်ဟောင်း တစ်ခု၏ တွင်းဝဖြစ်ပြီး အဆိုပါ တွင်းတောင်အင်းကြီး ၌ သဘာဝ စိမ်းပြာရေညှိ ထွက်ရှိမှုကို ၁၉၈၄ ခုနှစ်မှ စတင်တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၈၇ ခုနှစ်တွင် ထိုတွင်းတောင် အင်းကြီးမှ စိမ်းပြာရေညှိ များကို အသုံးပြု၍ ပရိုဗီမင် အားဆေးကို စတင် ထုတ်လုပ်ဖြန့်ချိ ခဲ့ကြောင်းနှင့် ယခုနှစ် အတွင်း စိမ်းပြာရေညှိ ထွက်ရှိမှု အခြေအနေ သည် အလွန်ကျဆင်း လာသဖြင့် ကျွမ်းကျင် ပညာရှင်များက ၄င်း ပတ်ဝန်းကျင် ဂေဟစနစ် ကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက် နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger