www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 14, 2014

ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ကျေးရွာအဆင့် အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်လျက်ရှိ


ရေးမြို့နယ် ၊ သင်္ကန်းကျွန်း ကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ
 ဆောက်လုပ် ပြီးစီးမှုအား တွေ့ရစဉ်

နေပြည်တော် ၊ ၁၄-၁၂-၂၀၁၄

နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဆွစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Swiss Agency for Development and Cooperation-SDC) တို့ပူးပေါင်း၍ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် ဝေးလံ၍ ဖွံ့ဖြိုးမှု နည်းသော နယ်စပ်ဒေသရှိ ဆင်းရဲ၍ ထိခိုက်လွယ်သည့် မိသားစုများအား ကျေးရွာအဆင့် အခြေခံ အဆောက်အအုံ များနှင့် ရေနှင့် သန့်ရှင်းရေး အစီအမံများ ဆောင်ရွက်ပေးရန် ရည်ရွယ်၍ SDC ၏ ထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် ၂ဝ၁၃ ခုနှစ် ဇွန် ၂၈ ရက်မှ ၂ဝ၁၆ ခုနှစ် ဇွန် ၂၇ ရက်အထိ သုံးနှစ်ကြာ ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိသည်။

အဆိုပါ စီမံချက်ကို ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး နှင့် သံတောင်ကြီး မြို့နယ် များတွင် လည်းကောင်း၊ မွန်ပြည်နယ်တွင် ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် သထုံမြို့နယ် များတွင် လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စာသင်ကျောင်းများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်ခြင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ခြင်း၊ ရပ်ရွာရေနှင့် သန့်ရှင်းမှု အစီအမံများ ပြန်လည်ပြုပြင် ဖော်ထုတ်ခြင်း၊ ဆောက်လုပ်ခြင်း နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ပေးခြင်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက ရှိသည်။

ယင်းသို့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် စီမံကိန်း စတင် အကောင် အထည်ဖော် ဆောင်ရွက်သည့် ၂ဝ၁၃ ခုနှစ် ဇွန်မှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ အထိ တစ်နှစ်နှင့် လေးလတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၂,၃၄၂,၂၅၅ ဖြင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း နှင့် ပြုပြင်ခြင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ခြင်း၊ သန့်လေးသန့် ကဏ္ဍတွင် ရေကန်၊ ရေတွင်း နှင့် ရေစက်များ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပို့ချပေးခြင်း၊ အစားအစာ ပံ့ပိုးခြင်းနှင့် ဆေးဝါး ပံ့ပိုးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုသက်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger