www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 3, 2014

မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိသော ပြည်နယ်သုံးခုရှိ


နေပြည်တော် ၊ ၃-၁၂-၂၀၁၄

မြန်မာနိုင်ငံ အတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိသော ပြည်နယ်သုံးခု ရှိပြီး ယင်းဒေသ များတွင် တစ်ကြိမ်မျှ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပြည်နယ် သုံးခုမှာ ချင်းပြည်နယ်၊ ကယားပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့ဖြစ်ကြောင်း၊ ယင်းဒေသ များတွင် ဖွံ့ဖြိုးမှု အားနည်း နေသေး သော်လည်း ယခုနှစ် အတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျန်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ လူကုန်ကူးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှု ဖြစ်ပွားမှုနှုန်း တွင် ရှမ်းပြည်နယ် ၌ လူကုန်ကူးမှု ၄၅ မှုနှင့် အမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ ဒုတိယ အများဆုံး အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ၁ဝ မှု၊ တတိယ အများဆုံး အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၌ ရှစ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ယခုနှစ်တွင် လူကုန်ကူးမှု ၉၄ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅ဝ ဦးနှင့် အမျိုးသမီး ၁၄၂ ဦး လူကုန်ကူး ခံခဲ့ရကြောင်း၊ ၄င်းတို့အနက်မှ အမျိုးသား ၃ဝ ဦးနှင့် အမျိုးသမီး ၁ဝ၈ ဦးကို ကယ်တင် နိုင်ခဲ့သော်လည်း ၅၄ ဦး ကျန်ရှိ နေသေးကြောင်း သိရသည်။

လူကုန်ကူးမှု ဖြစ်စဉ်များတွင် ကျေးလက်နေ ပြည်သူများ၏ ဗဟုသုတ နည်းပါးပြီး သူတစ်ပါး အပေါ် ယုံကြည် အားထားမှု များခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် ယခုနှစ် နောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဖြစ်စဉ်များတွင် ပညာပေး လုပ်ငန်းစဉ်များ ကိုပါ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ လူကုန်ကူးမှု ကျူးလွန်သည့် တရားခံ အမျိုးသား၊ အမျိုးသမီး ၁၈၈ ဦးအား ဖမ်းမိထားပြီး ၈၆ ဦးတို့မှာ လွတ်မြောက် နေဆဲ ဖြစ်သည်။

လူကုန်ကူးမှု ဖြစ်စဉ် ၉၄ မှုတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၆၂ မှု၊ ထိုင်းနိုင်ငံသို့ ၁၆ မှု၊ မလေးရှားနိုင်ငံ သို့ နှစ်မှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ၁၄ မှု ဖြစ်ပွား ခဲ့သည်။ လူကုန်ကူးမှု ဖြစ်စဉ် အမျိုးအစား များမှာ အဓမ္မ လက်ထပ်ယူမှု ၆၁ မှု၊ အဓမ္မ ခိုင်းစေမှု ၁၉ မှု၊ ပြည့်တန်ဆာ စေခိုင်းမှု ၁၄ မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger