www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 8, 2014

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်မှ စတင်၍ ငါးနှစ်အောက် ကလေးတိုင်း သူငယ်တန်းမတက်မီ အကြိုသင်ကြား ရမည်



ရန်ကုန် ၊ ၈-၁၂-၂၀၁၄

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်ပြီး သူငယ်တန်း မတက်မီ အသက် ငါးနှစ်အောက် ကလေးတိုင်း KG တန်း (သူငယ်တန်း မရောက်မီ အကြို သင်ကြားခြင်း) ကို အခမဲ့ သင်ကြားခွင့် ရမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်း က ပြောသည်။

ယင်း အကြို သင်ကြားခြင်း စနစ်ကို လာမည့် ပညာသင်နှစ်မှ စတင်မည် ဖြစ်ကာ သင်ကြား ပေးမည့် ဆရာ၊ ဆရာမများ အတွက် နည်းပညာပိုင်း ဆိုင်ရာများအား ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော သင်ကြားနည်း များကို တစ်လတာ သင်တန်းများ ပို့ချပေးပြီး အထောက် အကူပြု ပစ္စည်းများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြို သင်ကြားခြင်းကို အခြေခံပညာ ကျောင်းပေါင်း ၄၄၄ဝ၁ ကျောင်းမှ ငါးနှစ်အောက် ကျောင်းသား၊ ကျောင်းသူ ၁၅ သိန်းအား စတင် အကောင် အထည်ဖော် သင်ကြား ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး သင်ကြားမှု၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု ဆိုင်ရာ လက်တွေ့ သရုပ်ပြမှု၊ ကလေးငယ်များ ၏ တီထွင်နိုင်စွမ်း ရှိမှု စသည့် လက်တွေ့ သရုပ်ပြမှု များသာ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေခံပညာ ကဏ္ဍ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းကျော် ပညာ သင်ကြားလျက် ရှိပြီး မူလတန်း အဆင့်မှ အလယ်တန်း အဆင့် ဆက်လက် ပညာသင်ကြားမှု နည်းပါး ခြင်းကြောင့် သူငယ်တန်း မတက်မီ အကြို သင်ကြားခြင်း ကို စတင် သင်ကြားရန် စီမံကိန်း ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကဏ္ဍတွင် စာသင်ချိန်၊ သင်ယူနည်း၊ စစ်ဆေးနည်း၊ စာဖြေနည်း၊ ဒေသတစ်ခု၏ သင်ရိုး၊ တိုင်းရင်းသား များ၏ ဘာသာစကား သင်ယူနည်း၊ သင်ရိုးနှင့် တွဲဖက်သင်ရိုး များ၏ အခန်းကဏ္ဍ၊ သင်ကြား သင်ယူနည်း စနစ်အားလုံးမှာ နိုင်ငံတစ်ဝန်း ကွဲပြား နေခြင်းကြောင့် တစ်ပြေးညီ တူညီစေရန် အခြေခံပညာ သင်ရိုးညွှန်းတမ်း မူဘောင် တစ်ခုတည်း ချမှတ်ပြီး ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် တွင် စတင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger