www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 18, 2014

ပေါင်းဆန်ထုတ်လုပ်မှု တန်ချိန်နှစ်သိန်းနီးပါးခန့် အထိ ထုတ်လုပ် လာနိုင်ပြီဖြစ်


ရန်ကုန် ၊ ၁၈-၁၂-၂ဝ၁၄

ယခင်က ပေါင်းဆန်တန်ချိန် နှစ်သောင်းခန့်သာ ထုတ်လုပ် နိုင်ခဲ့သော်လည်း လက်ရှိတွင် တန်ချိန် နှစ်သိန်းနီးပါးခန့် အထိ ထုတ်လုပ် လာနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အမှုဆောင် တစ်ဦးက ပြောသည်။

ယင်းပေါင်းဆန် များကို အရှေ့ အလယ်ပိုင်း ဒေသ၊ ရုရှား နှင့် နိုင်ဂျီးရီးယား နိုင်ငံတို့သို့ တင်ပို့ရန် စီစဉ်ထားပြီး ထုတ်လုပ်မှု မြင့်တက် လာခြင်းနှင့် အတူ တွက်ခြေ ကိုက်သည့် ဈေးကွက်များ ရရှိရေးမှာ အဓိက ကျလာကြောင်း သိရသည်။

မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) အနေဖြင့် ပြည်တွင်း၌ လည်ပတ် ထုတ်လုပ်နိုင်ရန် ပေါင်းဆန်စက် ၁ဝ လုံးကို တင်သွင်းခဲ့ပြီး တွက်ခြေ ကိုက်သည့် ဈေးကွက် စွမ်းဆောင် ရည်များ ရှိလာကာ ထုတ်လုပ်မှု ပိုင်းတွင်လည်း အားကောင်း နေပြီဖြစ်ကြောင်း သိရသည်။ MAPCO အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ပသို့ ပေါင်းဆန်တန်ချိန် နှစ်သောင်းခန့် တင်ပို့ခဲ့ပြီး လက်ရှိ ထုတ်လုပ်လျက် ရှိသည့် ပေါင်းဆန် ကိုလည်း ဇန်နဝါရီလတွင် ဈေးကွက်အတွင်း တင်ပို့နိုင်ရန် မျှော်မှန်း ထားသည်။ ပေါင်းဆန် ထုတ်လုပ်မှုကို ဆန်စပါး အဓိက ထွက်ရှိရာ ဒေသများ ဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ တည်ထောင် လည်ပတ်နေပြီး ဥရောပ ဈေးကွက်သို့ စမ်းသပ်တင်ပို့ နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပင်လယ် ရေကြောင်း တင်ပို့မှု အနေဖြင့် ပေါင်းဆန် အပါအဝင် တန်းမြင့်ဆန်၊ ဆန်ကြမ်း တို့ကို ဥရောပ၊ ဂျပန်၊ အာဖရိက၊ ရုရှား နှင့် အရှေ့ အလယ်ပိုင်း ဒေသများသို့ တင်ပို့လျက်ရှိပြီး လက်ရှိတွင် ဥရောပ နိုင်ငံများ အနေဖြင့် တန်းမြင့် ဆန်များကိုသာ အဓိက ဝယ်ယူလျက် ရှိကြောင်း သိရသည်။

အလားတူ နယ်စပ် ဆန်တင်ပို့မှု အနေဖြင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက် ရှိ၍ ဆန်တင်ပို့မှု စုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်းကျော် ရှိပြီး ဆန် အရည်အသွေး နှင့် ပိုးမွှား ကင်းစင်မှု ဆိုင်ရာ ထောက်ခံချက် တို့ဖြင့် တရားဝင် တင်ပို့ခွင့် ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း တစ်သန်းခွဲမှ နှစ်သန်းကြား တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ၁ ဒသမ ၂ သန်းခန့် တင်ပို့ ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger