www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 1, 2014

၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်လွှားရှိ ခရီးသွားချင်စရာ အကောင်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှပါဝင်


With flight searches from Australia up by 56%, Myanmar will be welcoming hordes of travellers in 2015. The country’s luxury accommodation offer is set to boom with some of the travel industry’s biggest names rushing to move in. By 2017, the Hilton Group plans to have five new hotels, while Shangri-La Group, Pan Pacific Hotels Groups and Best Western are all in planning stages.

ရန်ကုန် ၊ ၁-၁၂-၂၀၁၄

နှစ်စဉ် လေ့လာ စိစစ်ကာ ရွေးချယ် ဖော်ပြလေ့ ရှိသော ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လေ့လာရေးအဖွဲ့ Skyscanner ၏ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာတစ်လွှားရှိ ခရီးသွား ချင်စရာ အကောင်းဆုံး ၁ဝ နိုင်ငံကို ရွေးချယ် ဖော်ပြသည့် စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်နေကြောင်း သိရသည်။

အဆိုပါ Skyscanner အဖွဲ့၏ ၂ဝ၁၅ ခုနှစ်အတွက် ရွေးချယ် ဖော်ပြခဲ့သော ခရီးသွားချင်စရာ အကောင်းဆုံး ၁ဝ နိုင်ငံစာရင်း တွင် မြန်မာ၊ Mykonos (ဂရိ)၊ အိုက်စလန်၊ ဘရာဇီး၊ ပနားမား၊ New Caledonia (ပြင်သစ်)၊ ဆိုးလ်(တောင်ကိုရီးယား)၊ ကိုလံဘို (သီရိလင်္ကာ)၊ နီကာရာဂွါ နှင့် အိုကီနာဝါ (ဂျပန်) စသည်ဖြင့် အစဉ်အတိုင်း ဖော်ပြထားပြီး အဆိုပါ စာရင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးချယ် အသိအမှတ် ပြုကာ ဖော်ပြခံရသော နိုင်ငံများ ပါဝင်သလို နိုင်ငံအတွင်းရှိ ဒေသတစ်ခု ကိုသာ သီးခြား ရွေးချယ်ကာ ဖော်ပြခြင်း များလည်း ပါဝင်ကြောင်း သိရသည်။

ထိုကဲ့သို့ ကမ္ဘာတစ်ဝန်းရှိ ခရီးသွားချင်စရာ အကောင်းဆုံး နိုင်ငံများ စာရင်းကို ဖော်ပြနိုင်ရန် အပြည်ပြည် ဆိုင်ရာ ခရီးသွားအေဂျင်စီ များ၏ အကူအညီဖြင့် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားချင်စရာ ကောင်းသော နိုင်ငံများ၊ နေရာ ဒေသများကို အကြိမ်ပေါင်း များစွာ စိစစ်ပြီးမှသာ ယခုလို ကြေညာချက် မျိုးကို ထုတ်ပြန်နိုင်ခြင်း ဖြစ်ကြောင်း Skyscanner ၏ ကြေညာချက် ထဲတွင် ရှင်းလင်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လေ့လာ သုံးသပ်ချက် တွင်လည်း မြန်မာနိုင်ငံ၌ လျှို့ဝှက် ဆန်းကြယ်သော နေရာများ၊ ရှေးဟောင်း အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင် အမွေအနှစ်များ၊ မပျက်ယွင်းဘဲ ကျန်ရှိ နေသေးသော နေရာဒေသများ နှင့် ကျေးလက်ဒေသ များရှိ စိတ်ဝင်စားဖွယ် လူနေမှု ပတ်ဝန်းကျင် များကို မြင်တွေ့ နိုင်သည့်အပြင် နိုင်ငံခြား ခရီးသွားများ အတွက် ဘေးအန္တရာယ် ကင်းသော နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြ ထားကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်






No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger