www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 23, 2014

သွားကိုက်ခြင်း


သွားကိုက်ခြင်း

ဒေါက်တာလွင်သန့် (ဆေး-၂)

လူတိုင်း သွားကိုက်ဖူးသည်။ သွားကိုက်၊ သွားနာရသည့် အကြောင်းရင်း များစွာ ရှိပါသည်။ အဓိကအားဖြင့် သွားကိုက် ရသည့် အကြောင်းရင်းမှာ သွားပိုးစားခြင်း ကြောင့် ဖြစ်သည်။

အသက်အရွယ် ကြီးသူများတွင် သွားခိုင်ခံ့မှု လျော့နည်းပြီး အစာစားစဉ် မကြာခဏ သွားနာလေ့ ရှိသည်။ သွားပိုးစားခြင်း၊ စားကြွင်း၊ စားကျန်များရှိ ကာဗွန်ဟိုက်ဒြိတ်၊ ကစီဓာတ်ကို အခြေခံပြီး ခံတွင်း အတွင်းရှိ ဘက်တီးရီးယား ပိုးမွှားငယ် များနှင့် တံတွေးမှ အစာခြေရည် အင်ဇိုင်းတို့ ပိုမို ပူးပေါင်းပြီး နို့အက်စစ်ဓာတ် အဖြစ် အစာများ အချဉ် ပေါက်ကာ သွားပိုးစား လာသည်။

ယင်း အက်စစ်ဓာတ် သည် သွား၏ အပြင်ဆုံး အလွှာဖြစ်သည့် ကြွေသွားလွှာကို စတင် ပျက်စီးစေသည်။ အမည်းစက်များ အသွင် ဖြစ်ပေါ်လာသည်။ ယင်း ကြွေသွားလွှာ သည် ခန္ဓာကိုယ် အတွင်း မပျက်စီး လွယ်၍ အမာဆုံးဟု သတ်မှတ်ခံ ရသော်လည်း အက်စစ်ဒဏ်ကို မခံနိုင်တော့ပါ။

ယင်း အက်စစ်ကြောင့် ဒုတိယလွှာ ဖြစ်သည့် ဆင်စွယ်များ ပျက်စီးသည်။ သွားနှစ်လွှာ ပျက်စီးသော်လည်း သွားကိုက်၊ သွားနာ မခံရသေးပေ။ သို့သော် အပူအအေး ကောင်းစွာ မခံနိုင်ဘဲ ရေခဲရည် သောက်လျှင် ကျဉ်လာသည်။ စားကြွင်း၊ စားကျန် များကြောင့် သွားပိုးပေါက် ကြီးလာကာ ကြွေသွားလွှာ မှတစ်ဆင့် ဆင်စွယ်နှစ်၊ ဆင်စွယ်နှစ် မှ မွသွားလွှာ အတွင်း ဘက်တီးရီးယား များ ဝင်ရောက်ပြီး သွားမြစ်တွင်းရှိ မွသွားလွှာအိမ် ရောင် လာကာ တဖြည်းဖြည်း ဘက်တီးရီးယား က သွားမြစ်တွင်းသို့ ရောက်ပြီး သွားမြစ်ထိပ် ပြည်တည်နာ၊ သွားမြစ် ပြည်တည်နာ၊ မေးရိုးခြင်ဆီ ရောင်နာ ဖြစ်စေနိုင်သည်။ သွားပေါက် ကျယ်လာသဖြင့် သွားကွဲသွားပြီး သွားနာခြင်း၊ လျှာနှင့် ကွဲသောသွား ထိပါက လျှာနာခြင်း များကြောင့် အစားအစာ ကောင်းစွာ မစားနိုင် သဖြင့် အစာမကြေ ရောဂါ ဖြစ်စေနိုင်သည်။

သွားဆွေးမြည့်ခြင်း ရောဂါသည် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆစ် အမျက်နာ ရောဂါများအထိ ဒုက္ခပေးသည်။ သွားဆွေးမြည့် ရောဂါသည် သွားတွင် ကပ်နေသည့် သွားပလပ်၊ သွားချေးလွှာ ကြောင့် ဖြစ်သည်။ ယင်း သွားပလပ် ထဲတွင် ဘက်တီးရီးယား တွယ်နေနိုင်သည်။ ထို့ကြောင့် သွားဆွေးမြည့်ခြင်း ရောဂါ ကာကွယ်ရန် ပလပ်ဖြစ်သည့် သွားတွင် စားကြွင်း၊ စားကျန်များ မရှိစေရန် နေ့၊ ည နှစ်ကြိမ် သွားမှန်မှန် တိုက်သင့်သည်။ 

သွားပလပ် မရှိလျှင် သွားဆွေးမြည့် ရောဂါ မဖြစ်နိုင်ဘူး။ သွားပိုး မစားသော သွားများ ကိုလည်း သွားမျက်နှာပြင် များပေါ်တွင် စစ်ဆေးရန် လိုသည်။ သွားဆရာဝန်မှ သွားကြည့်မှန် သို့မဟုတ် သွားစမ်းသပ်သည့် အပ်ဖြင့် အကြည့်ရ ခက်သော နေရာများတွင် သွားပိုးပေါက်များ သိရှိစေရန် ဓာတ်မှန် အသုံးပြု နိုင်သည်။

သွားပိုးစားခြင်း ဖြစ်စတွင် အမည်းစက်၊ အမည်းကြောင်း တွေ့ရမည်။ သွားပိုးပေါက် ပြင်ပတွင် သွားမနာ သော်လည်း သွားကြား ညပ်ခြင်း၊ အပူအအေး သောက်လျှင် သွားကျဉ်ခြင်း ခံစားရသည်။ သွားရောဂါ သက်သာ စေရန် နာနေသော အပေါက်ထဲ လေးညင်းဆီ ကို ဂွမ်းနှင့်ဆွတ်ပြီး ထည့်ပေးရသည်။ မရပါက သွားနုတ်ရမည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger