www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 23, 2014

၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး AEC နိုင်ငံခရီးသွား လုပ်ငန်းဆု Lonely Planet Traveller မဂ္ဂဇင်းမှ ရွေးချယ်ပေးအပ်


ရန်ကုန် ၊ ၂၃-၁၂-၂၀၁၄

မြန်မာနိုင်ငံအား ၂ဝ၁၄ ခုနှစ်အတွက် အကောင်းဆုံး AEC နိုင်ငံ ခရီးသွား လုပ်ငန်းဆုကို Lonely Planet Traveller မဂ္ဂဇင်းမှ ရွေးချယ် ပေးအပ် ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၁၈ ရက်တွင် Lonely Planet Traveller မဂ္ဂဇင်း၏ တတိယ အကြိမ်မြောက် Lonely Planet Traveller Destination Awards 2014 ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အား အကောင်းဆုံး အာဆီယံနိုင်ငံ ခရီးသွား ဆု Best in Travels AEC Country ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆုကို Lonely Planet Traveller မဂ္ဂဇင်း၏ အွန်လိုင်း စာဖတ်သူများမှ ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ အတွင်း လေ့လာ ဆန်းစစ်ချက်များ အပေါ် အခြေခံပြီး မြန်မာနိုင်ငံကို ရွေးချယ်ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

Lonely Planet Traveller မဂ္ဂဇင်းသည် Destination Awards International ခေါင်းစဉ်ဖြင့် ဆုအမျိုးအစား ကိုးမျိုးနှင့် Destination Awards for Thailand ခေါင်းစဉ်ဖြင့် ဆုအမျိုးအစား ၁ဝ မျိုးကို ရွေးချယ်ပေးအပ် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ခံရရှိသော အကောင်းဆုံး အာဆီယံ နိုင်ငံခရီးသွားဆု Best in Travels AEC Country သည် Destination Awards - International ခေါင်းစဉ်ဖြင့် ပေးအပ်သည့် ဆုအမျိုးအစား ကိုးမျိုးတွင် ပါဝင်သည့် ဆုတစ်ဆု ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုများ စတင် ဖော်ဆောင် ပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက်မှုမှာ ၂ဝ၁၂ ခုနှစ်မှ စတင်၍ သိသိသာသာ မြင့်တက်လာပြီး ၂ဝ၁၄ ခုနှစ် မတ်လတွင်လည်း မြန်မာနိုင်ငံကို ဥရောပ ခရီးသွားလုပ်ငန်း နှင့် ကုန်သွယ်ရေး ကောင်စီ မှ ရွေးချယ်သည့် ကမ္ဘာ့ အကောင်းဆုံး ခရီးစဉ် ဒေသဆုကို ရွေးချယ်ပေးအပ် ခဲ့ကြောင်း သိရသည်။(၄၄၇)

Myanmar to be named world's best tourist destination

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger