www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 21, 2014

လူမှုဖူလုံရေး ဥပဒေအရ အလုပ်ရှိသူများ သာမက အလုပ်မရှိသူ ပြည်သူများပါ လူမှုဖူလုံရေး အာမခံ ထားနိုင်


ရန်ကုန် ၊ ၂၁-၁၁-၂၀၁၄

ပြည်တွင်းရှိ အစိုးရဌာန များနှင့် ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင် နေကြသော အလုပ်သမား များသည် လူမှုဖူလုံရေး ဥပဒေသစ် အရ လူမှုဖူလုံရေး အကျိုးခံစားခွင့် များကို ရလာ သည် သာမက အလုပ်မရှိ သူများ၊ ပျံကျ ဈေးသည်များ၊ ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများပါ လူမှုဖူလုံရေး အာမခံ ထားနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

လူမှု ဖူလုံရေး ဥပဒေသစ် အရ ငွေကြေး ထောက်ပံ့မှုများ ပါဝင်ခြင်း အပြင် အာမခံ အလုပ်သမား များ၏ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ရခြင်း များကို ကူညီ ထောက်ပံ့ခြင်း၊ ပညာသင် ထောက်ပံ့ခြင်း များ၊ အလုပ်သမား သေဆုံးမှု အတွက် အကျိုး ခံစားခွင့်များ၊ ကျန်ရစ်သူ မိသားစု အတွက် ပင်စင်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် များနှင့် မိမိ၏ ဆန္ဒအလျောက် ထည့်ဝင်ကြေး ပေးသွင်း၍ အိမ်ရာ ပိုင်ဆိုင်ခြင်း များပါ ပါဝင်ကြောင်း သိရသည်။

လူမှုဖူလုံရေး ဥပဒေသစ် တွင် မကျန်းမာမှု၊ သေဆုံးမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ၌ ထိခိုက် ဒဏ်ရာရမှု၊ အသက်အရွယ် ကြီးရင့်မှုများ အတွက် အခမဲ့ ဆေးကုသခွင့် များနှင့် ငွေကြေး ထောက်ပံ့မှု များလည်း ပါဝင်ကြောင်း သိရသည်။

စက်ရုံများရှိ အလုပ်သမား များသည် ကလေး မီးဖွားခြင်း နှင့် နေထိုင် မကောင်း၍ ခွင့်ယူခြင်းများ အတွက် ဖူလုံရေး ဆေးခွင့်ကို အားကိုးအားထား နေကြကြောင်း ရွှေပြည်သာ စက်မှုဇုန် အထည်ချုပ် စက်ရုံမှ မဝေဝေက '' ကျန်းမာရေး ကြောင့် အလုပ်ပျက် ရတာတွေမှာ ဖူလုံရေး ဆေးခွင့်နဲ့ ဆို တရားဝင် ခွင့်ရတော့ လစာ၊ အပိုဆုကြေးငွေ အဖြတ်ခံ ရတာတွေ မရှိဘူး။ ဒါကြောင့် ကျွန်မ နေမကောင်းရင် ဖူလုံရေးကတ် နဲ့ပဲ ဆေးခွင့် တင်တယ် ...'' ဟု ပြောသည်။

ယခု လက်ရှိတွင် လူမှုဖူလုံရေး ဥပဒေသစ် အရ အာမခံ ထားသော စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား ပေါင်း တစ်သောင်းခန့် ကို လစဉ်ငွေကြေး အကျိုးခံစားခွင့် နှင့် ဆေးကုသမှု ကုန်ကျစရိတ် များ ပြန်၍ ထုတ်ပေးလျက် ရှိပြီး အခြားသော အကျိုး ခံစားခွင့်များမှာ အလုပ်ခွင်တွင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ မှုများနှင့် သေဆုံးမှုများ ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger