www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 4, 2014

မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာဗန္ဓုလ ထိုင်းနိုင်ငံ နှင့် စင်ကာပူ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်


မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာဗန္ဓုလ အားတွေ့ရစဉ်

နေပြည်တော် ၊ ၄-၁၁-၂၀၁၄

၂ဝ၁၄ခုနှစ် သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံ ရေတပ် ဦးစီးချုပ်များ အစည်းအဝေး တွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ သည် ထိုင်းရေတပ် ဦးစီးချုပ် Admiral Narong Pipatanasai နှင့် စင်ကာပူ ရေတပ် ဦးစီးချုပ် Rear Admiral Lai Chung Han တို့ဖြင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံ ရေတပ် ဦးစီးချုပ်တို့၏ ဖိတ်ကြားချက် အရ မြန်မာ့ တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာဗန္ဓုလ သည် ထိုင်းနိုင်ငံ၊ ဖူးခတ်ရေတပ် စခန်း၊ Chuk Samed ရေတပ် စခန်းနှင့် စင်ကာပူနိုင်ငံ ချန်ဂီရေတပ် စခန်း ဆိပ်ကမ်းများသို့ နိုဝင်ဘာ ၁ဝ ရက်မှ နိုဝင်ဘာ ၃၁ ရက်အထိ ချစ်ကြည်ရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger