www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 4, 2014

ပစ်မှတ်ထိသော မြားကဲ့သို့


ပစ်မှတ်ထိသော မြားကဲ့သို့

မြားပစ်သမား တစ်ဦး၏ အဓိက ရည်မှန်းချက် သည် မိမိ ပစ်လိုက်သော မြားသည် ပစ်မှတ် ဗဟိုချက်ကို တည့်တည့် ထိမှန်စိုက်ဝင် စေရန်ဖြစ်သည်။ ဤသို့ ဗဟိုချက်ကို ထိမှန်အောင် ပစ်ရန်ကား တော်ရုံ တန်ရုံ လေ့ကျင့်မှုဖြင့် မဖြစ်နိုင်ပေ။ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်း၊ အယူအဆ အနေအထား မှန်ကန်ခြင်း၊ စိတ်တည်ငြိမ်ခြင်း စသည့် မြားပစ် သမားကောင်း တစ်ဦး၏ အရည်အချင်း များနှင့် ပြည့်ဝ နေမှသာလျှင် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မည် ဖြစ်သည်။

ထိုနည်းတူ လူသားအားလုံး သည်လည်း ကိုယ်စီ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ပစ်မှတ်များ ရှိကြသည်။ လူတိုင်း အနေဖြင့် ကိုယ်စီ ပစ်မှတ်များ ထိမှန်ရန် လိုလားကြသည်။ သို့သော် ပစ်မှတ်တိုင်း သည် အတော်အတန် ကြိုးစား အားထုတ်မှုဖြင့် မဖြစ်နိုင်ပေ။ လုံ့လ၊ ဝီရိယ လက်နက်ကောင်း များကို စွဲကိုင်လျက် ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်း၊ အားထုတ်ခြင်း၊ အတွေ့အကြုံ ဗဟုသုတများ ရှာမှီးခြင်း စသည်တို့ဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက် များကို အောင်မြင် စေနိုင်သည့် အရည်အချင်းများ ပြည့်စုံအောင် ကြိုးစားရမည် ဖြစ်သည်။

စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများ အထမြောက်ေ အာင်မြင်ရန် မှာလည်း မြားပစ်သမား ဥပမာ ကဲ့သို့ပင် ဖြစ်သည်။ လုပ်ငန်း အသီးသီးတွင် ပါဝင်သူ အားလုံး ရိုးသားခြင်း၊ ကြိုးစားခြင်း၊ အဂတိတရား ကင်းရှင်း၍ ကိုယ်ကျင့်တရား ကောင်းများ ပြည့်စုံကာ ဝိုင်းဝန်းကြိုးစား အားထုတ်ကြ မှသာ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် နိုင်မည် ဖြစ်သည်။

ယနေ့ မြန်မာ နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်သစ် ပန်းတိုင်ကို ရည်မှန်း ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ဖော်ဆောင်ရာတွင် လူတိုင်း ဥပဒေကို လေးစား တန်ဖိုးထား ကြရမည် ဖြစ်သည်။ ဆောင်ရွက်မှု လုပ်ငန်းစဉ် တိုင်း ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် အညီ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ် ဆောင်ရွက်ကြ ရမည်။ သို့မှသာ ဥပဒေကို လေးစား တန်ဖိုးထားရာ ရောက်သည့် အပြင် ဆောင်ရွက်သည့် လုပ်ငန်းများ အထစ်အငေါ့ မရှိ လျင်မြန် ချောမွေ့ စွာဖြင့် ရည်မှန်းချက် များ အောင်မြင်မည် ဖြစ်သည်။ 

ဒီမိုကရေစီ အနှစ်သာရ သည် လွတ်လပ်စွာ ရေးသား၊ ပြောဆို လုပ်ကိုင် နိုင်ခွင့်ဖြစ်ပြီး ထိုသို့ လွတ်လပ်စွာ ပြောဆို၊ ရေးသား လုပ်ကိုင်ရာတွင် အခြားသူ တစ်ဦး တစ်ယောက်၏ အကျိုး စီးပွားကို ထိခိုက် နစ်နာမှုများ မဖြစ်စေရန် ချမှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို လေးစား လိုက်နာမှု သည် အဓိက ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင်ရာတွင် လူတိုင်း အမှန်တရားကို လက်ကိုင် ထား၍ အများအကျိုး အတွက် ချမှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို လေးစား လိုက်နာကြ ရမည်ြ ဖစ်သည်။ ထိုသို့ ဆောင်ရွက် လုပ်ကိုင်၊ လိုက်နာ နိုင်ကြခြင်းဖြင့် လူတိုင်း၏ ရည်မှန်းချက် ဖြစ်သော ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ရေး အဆင်ပြေ ချောမွေ့ကာ ပစ်မှတ် ထိသော မြားကဲ့သို့ ဒီမိုကရေစီ ပန်းတိုင်ကို လှမ်းကိုင် ဆွတ်ခူး နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

http://themyawadydaily.blogspot.com/2014/11/blog-post_32.html

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger