www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 12, 2014

မြန်မာနိုင်ငံအတွင်း မရှိမဖြစ် သွင်းကုန်များဝယ်ယူရန် ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းပေး



ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄

မြန်မာနိုင်ငံအတွင်း အမေရိကန် ဒေါ်လာဈေးများ မြင့်တက်လျက် ရှိရာ သွင်းကုန်အချို့ ရပ်ဆိုင်းထား ရသော်လည်း မရှိမဖြစ် လိုအပ်သော သွင်းကုန်များ ဝယ်ယူရန် ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းချ ပေးနေကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် တန်ဖိုးမြင့် ပစ္စည်းများ ဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့်ပစ္စည်းများ အပြင် အခြားသွင်းကုန် များပါ တင်သွင်းမှု ရပ်ဆိုင်း ထားရကြောင်း၊ သွင်းကုန် ပစ္စည်းအများစု သည် အမေရိကန် ဒေါ်လာ ဈေးနှုန်းပေါ်တွင် အခြေခံ သောကြောင့် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ တင်သွင်းရာ၌ ဗဟိုဘဏ်မှ ရောင်းချပေးသော ပမာဏနှင့် လုံလောက်မှု ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များသို့ တစ်နေ့လျှင် အမေရိကန် ဒေါ်လာ သန်း ၃ဝ ဖြင့် အများဆုံး ရောင်းချ ပေးလျက်ရှိပြီး ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ သတ်မှတ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁ဝဝ၉ ကျပ် ဖြစ်ကြောင်း သိရသည်။ လက်ရှိဈေးကွက် အတွင်း အမေရိကန် တစ်ဒေါ်လာ လျှင် ၁ဝ၁၄ ကျပ် ခန့်ရှိပြီး အမေရိကန် ဒေါ်လာဈေး မြင့်ခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်း အချို့မှာ ဈေးတက် လာသဖြင့် တင်သွင်းမှုကို ရပ်ဆိုင်း ထားရကြောင်း၊ ပြည်တွင်း၌ အမေရိကန် ဒေါ်လာ ဈေးမြင့်တက် ခြင်းမှာ ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ တင်ပြထားသည့် ဒေါ်လာပမာဏကို လိုသလောက် ရောင်းချ ပေးနိုင်ခြင်း မရှိ၍ ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အချို့မှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း များကို စောင့်ကြည့်ပြီး ဈေးကွက်အတွက် အထောက်အကူ ဖြစ်စေမည့် နှုန်းထားကို အဖွဲ့နှင့် ဆုံးဖြတ် သတ်မှတ် ပေးကြောင်း၊ ဈေးကွက် အတွင်းသို့
သတင်း အချက်အလက် များကို ပေးနေပြီး ဘဏ်များအကြား နိုင်ငံခြား ငွေကြေးဈေးကွက် ပီပြင်ရန် လုပ်ဆောင် နေကြောင်း၊ ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာဈေးနှုန်း မြင့်တက် နေသည့်အတွက် မြန်မာငွေကြေး တစ်ခုတည်း သာမက နိုင်ငံခြား ငွေကြေးများပါ ဈေးနှုန်း ကျဆင်းလျက် ရှိကြောင်း သိရသည်။

ထိုသို့ ငွေကြေး ဈေးမြင့်တက်မှု သည် ကမ္ဘာ့နိုင်ငံ များ၌လည်း ဖြစ်နေသည့် အတွက် ပြည်တွင်း၌ပါ အနည်းနှင့် အများ လှုပ်ရှားသည့် အခြေအနေ တစ်ခု ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ပြောင်းလဲမှုသည် သုံးနှစ်ကျော် ကာလမျှသာ ရှိသေးခြင်းကြောင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရိုက်ခတ် မှု အနည်းနှင့် အများ ခံနေရခြင်း ဖြစ်ကြောင်း၊ နောင်လာမည့် တစ်ပတ်၊ နှစ်ပတ်အတွင်း အမေရိကန် ဒေါ်လာဈေးနှုန်း များ ပြန်လည် တည်ငြိမ်သွား မည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger