www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 9, 2014

မန္တလေးစက်မှုဇုန် နယ်မြေတွင် စက်မှုလုပ်ငန်း ဆောင်ရွက်မှုပုံစံ မတင်ပြနိုင်ပါက မြေပြန်လည် အပ်နှံရမည့် အစီအစဉ်ဖြစ်ပေါ်လာ



မန္တလေး ၊ ၉-၁၁-၂၀၁၄

ရန်ကုန်စက်မှုဇုန် ကဲ့သို့ပင် မန္တလေးစက်မှုဇုန် နယ်မြေတွင်လည်း စက်မှုလုပ်ငန်း ဆောင်ရွက်မှု ပုံစံ မတင်ပြနိုင်ပါက မြေပြန်လည် အပ်နှံရမည့် အစီအစဉ် ဖြစ်ပေါ် လာကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။

မန္တလေးစက်မှုဇုန် နယ်မြေ အတွင်းရှိ စက်မှုလုပ်ငန်း ဆောင်ရွက်ခြင်း မရှိဘဲ အခြားနည်း အသုံးပြု ထားသည့် မြေပိုင်ရှင်များ မိမိတို့ လုပ်ကိုင်မည့် စက်မှုလုပ်ငန်း များကို လုပ်ငန်း ( Proposal) တင်ပြရမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်အတွင်း မတင်ပြနိုင်ပါက အစိုးရ အဖွဲ့သို့ မြေပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စက်မှုဇုန် အတွင်းရှိ စက်မှုဇုန် မြေကွက်များ ပေါ်တွင် စက်မှုလုပ်ငန်း မဟုတ်သော ဂိုဒေါင် ဆောက်လုပ် ထားခြင်း၊ နေအိမ် ဆောက်ထားခြင်း၊ ဈေးဆိုင်ခန်းများ ဆောက်လုပ် ထားခြင်းအပြင် ယခုအချိန်ထိ မည်သည့် လုပ်ငန်းမှ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း မပြုသေးသည့် မြေကွက်များ၊ အခြားနည်း အသုံးပြု ထားသည့် မြေကွက်များကို လုပ်ငန်း ( Proposal ) တင်ပြရန် အတွက် နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့်လည်း ယခုတစ်ပတ် အတွင်း အသိပေး ကြေညာ သွားမည် ဖြစ်သည်။ 

မန္တလေးစက်မှုဇုန် ကို ၁၉၉ဝ ပြည့်နှစ်က စတင် တည်ထောင်ခဲ့ပြီး ရန်ကုန် - မန္တလေး ကားလမ်းမ အရှေ့ဘက်၊ ပြည်ကြီးတံခွန် မြို့နယ်တွင် တည်ရှိကာ ဧရိယာဧက ၁၈၂ဝ ပေါ်တွင် မြေကွက်ပေါင်း ၃၅၃ဝ ဖော်ထုတ် ထားကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

မန္တလေးစက်မှုဇုန် ၏ သက်တမ်းသည် ၂၄ နှစ်ကြာပြီ ဖြစ်သော်လည်း အများစုသည် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိဘဲ မြေကွက်လပ်များ အတိုင်းသာ ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး မန္တလေး စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger