www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 14, 2014

ဆင်မလေး မိုမို ၏ ၆၁ နှစ်ပြည့်မွေးနေ့ပွဲ နှင့် တိရစ္ဆာန်လိမ္မာ ပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၁၀-၂၀၁၄

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)ရှိ ဆင်မလေး မိုမို ၏ အသက် ၆၁ နှစ်ပြည့် မွေးနေ့ပွဲကို အောက်တိုဘာ ၁၉ ရက် နံနက် ၁ဝ နာရီတွင် ယင်း တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။(ပုံ)

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အား ၁၉ဝ၁ ခုနှစ်တွင် ပြည်သူလူထု ထံမှ အလှူငွေ ကျပ် ၂၄ဝဝဝဝ ကောက်ခံရရှိပြီး ယင်းငွေဖြင့် ယခု နေရာတွင် မြေရိုင်း ၆ဝ ဧကကို ရှင်းလင်း တည်ဆောက် ခဲ့သည်။

၁၉ဝ၆ ခုနှစ်တွင် ဖယ်ရာပြတိုက် မှ တိရစ္ဆာန် များအား တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)သို့ တဖြည်းဖြည်း ပြောင်းရွှေ့ ထည့်သွင်း မွေးမြူ ပြသခဲ့သည်။

၁၉ဝ၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အသစ် ဆောက်လုပ် ခဲ့သည့် ယခု တိရစ္ဆာန် ဥယျာဉ် အား ဝိတိုရိယ ဘုရင်မ ပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ် ဟု အမည်ပေးကာ အခမ်းအနားဖြင့် ပြည်သူလူထု ကို ဖွင့်လှစ် ပြသခဲ့သည်။ ထိုမှ တစ်ဆင့် ၁၉ဝ၈ ခုနှစ်တွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ဟု အမည်ပေး ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက် သတ္တဝါ ၄၉ မျိုး၊ ကျေးငှက် ၆၈ မျိုး၊ တွားသွား သတ္တဝါ ၁၈ မျိုးတို့အား မွေးမြူ ထိန်းသိမ်း စောင့်ရှောက် ပြသလျက် ရှိသည်။ တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)အား ပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ဗဟုသုတ ရှာမှီးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာရှာမှီး ရာတွင် အထောက်အကူ ဖြစ်စေရန်၊ တောရိုင်းတိရ စ္ဆာန် ကျေးငှက်များ နှင့် ရှားပါး တိရစ္ဆာန် ကျေးငှက်များ အား မျိုးဆက် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ပြသခြင်း ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ကျေးငှက် သားရဲ တိရစ္ဆာန် များတွင် ဆင်မလေး မိုမို သည် မြို့နေ ကလေးငယ် များမှစပြီး နယ်မှလာ ရောက်သူ ဧည့်သည်များ အထိ လူသိများပြီး လိမ္မာသည့် အာရှ ဆင်မျိုးနွယ် ဆင်မလေး ဖြစ်သည်။

၎င်းသည် ကခြင်း၊ သီချင်း သီဆိုခြင်း၊ ထူးခြင်း၊ ထိုင်ခြင်း တို့ကို ဆင်ထိန်း မဟုတ်ဘဲ လာရောက် လေ့လာသူများ စေခိုင်းမှု ကိုပါ လုပ်ဆောင် ပေးသည့်အတွက် မိုမို အား ထင်ထင်ရှားရှား လူသိများခြင်း ဖြစ်သည်။ ဆင်မလေး မိုမို၏ အသက် ၆၁ နှစ်ပြည့် မွေးနေ့ အစီအစဉ်နှင့် အတူ တိရစ္ဆာန် လိမ္မာပြပွဲ၊ Unplug Show နှင့် မျက်လှည့် အစီအစဉ်များ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger