www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 20, 2014

ဓာတုဆေးဝါး သုံးစွဲထားသည့် ငါးခြောက်များ စားသုံးသူများ သတိပြုရန်လို


ရန်ကုန် ၊ ၂၀-၁၀-၂၀၁၄

လက်ရှိ ဈေးကွက်အတွင်း စားသုံးကုန် တစ်ခုအဖြစ် တွင်ကျယ်စွာ ရောင်းချ၍ မြန်မာ လူမျိုးတိုင်း အထူး ကြိုက်နှစ်သက် သည့် ဟင်းလျာ တစ်မျိုးဖြစ်ပြီး အလှူအတန်း ပွဲကြီးများ၌ လည်း မပါမပြီး ဖြစ်သော ငါးခြောက်များ၌ လူကို ကြီးမားစွာ အန္တရာယ် ဖြစ်စေ၍ စားသုံးရန် မသင့်တော်သည့် တရုတ် ယင်မနားဆေး ထရိုင် ကလိုရိုဖောင်း ( Trichloroform ) ဓာတုဆေးဝါးကို အသုံးပြု ထားကြောင်း သိရသည်။

အဆိုပါ စစ်ဆေး တွေ့ရှိချက်များ ရရန် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူ ရေးရာ ဦးစီးဌာနမှ တောင်ဥက္ကလာပ မြို့နယ် နန္ဒဝန်ဈေး အတွင်းရှိ ငါးခြောက် အရောင်းအဝယ် ဆိုင်တစ်ဆိုင်မှ ငါးရံ့ခြောက် များကို ဓာတ်ခွဲ စမ်းသပ်ရာမှ ထွက်ရှိလာသော အဖြေတစ်ခု ဖြစ်ကြောင်း၊ စားသုံးသူ ရေးရာ ဦးစီးဌာန မှ ထိုငါးခြောက် များကို လယ်ယာ စိုက်ပျိုးရေး ဦးစီးဌာန သီးနှံ ကာကွယ်ရေး (PP) ရှိ ဓာတ်ခွဲခန်း တွင် စစ်ဆေးကြည့်ရာ ၉ဝ ရာခိုင်နှုန်း ယင်ဆေးခဲ (ခေါ်) ထရိုင် ကလိုရိုဖောင်း ပါဝင်နှုန်း ကို စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ က ပြောပြသည်။

ထို ၉ဝ ရာခိုင်နှုန်း သော ယင်မနားဆေး မှာ မေ့ဆေး အမျိုးအစား ပိုးသတ်ဆေး ဖြစ်သဖြင့် သုံးစွဲမှု များလျှင် မေ့ဆေး ဒဏ်ပြင်း ထန်သည့် အတွက် အာရုံကြော ထိခိုက်ခြင်း၊ အယ်ဇိုင်းမား၊ လေဖြတ်ရောဂါ၊ လေငန်း ရောဂါများ ဖြစ်ပွား ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ နေ့မစေ့ လမစေ့ ကလေး မွေးဖွားခြင်း စသည့် ဆိုးကျိုး ရောဂါများ ဖြစ်ပွား နိုင်သောကြောင့် ထိုဆေး သုံးစွဲထားသည့် ငါးရံ့ခြောက်၊ ငါးပုပ်ခြောက်၊ ငါးရွှေခြောက် များကို မစားသုံး သင့်ကြောင်း သိရသည်။

''အခုလဲ ဒီ ဓာတုဆေးဝါး ပါတဲ့ ငါးခြောက်တွေ အားလုံးကို တင်သွင်း၊ ပြုလုပ်၊ သိုမှီး၊ ရောင်းချသူ တွေကို အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က) အရ ဆက်လက် စစ်ဆေး အရေးယူ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို ကျွန်တော်တို့ စားသုံးသူ တွေက စောင့်ကြည့် နေပါတယ် ... '' ဟု ရန်ကုန်မြို့မှ စားသုံးသူ ရေးရာ စိတ်ဝင်စားသူ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၇၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger