www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 21, 2014

စည်းကမ်း ဥပဒေ လေးစားလိုက်နာ


စည်းကမ်း ဥပဒေ လေးစားလိုက်နာ

ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ စနစ်၊ ကြေညာချက်၊ ထုတ်ပြန်ချက် အစရှိသည် တို့သည် လူတိုင်း သိရှိလိုက်နာ ကျင့်သုံးရန် မူများပင် ဖြစ်သည်။ ထိုမူများကို လူအများ သိရှိရန် လိုသည်။ လိုက်နာရန် လိုသည်။ ကျင့်သုံးရန် လိုသည်။ ချမှတ်ထားသော ဥပဒေ စည်းမျဉ်း၊ စည်းကမ်း တို့ကို လေးစားရမည်။ လိုက်နာရမည် ဖြစ်သည်။ ကျင့်သုံးနေသော စနစ်၊ ကြေညာချက် တို့ကို သိရှိ ကျင့်သုံး ကြရမည် ဖြစ်သည်။ သို့မှသာ လူနှင့်မူနှင့် အံဝင်ခွင်ကျ ရှိ၍ တိုးတက် နိုင်မည် ဖြစ်သည်။

သို့ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ စနစ်နှင့်ေ ကြညာချက် များကို သက်ဆိုင်ရာ ဌာနအသီးသီး က ထုတ်ပြန် ထားသော်လည်း လိုက်နာမှု မရှိပါက လူတခြား မူတခြား ဖြစ်နေပေ လိမ့်မည်။ လူနှင့် မူသည် တွဲ၍ ရှိနေရမည် ဖြစ်သည်။ လူနှင့်မူ တခြားစီ ရှိနေသမျှ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် ကြန့်ကြာ နေဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ တစ်ဝန်း ယာဉ်သုံးစွဲမှု တိုးတက်များပြား လာသည်နှင့် အမျှ မော်တော်ယာဉ်များ ယာဉ်ကြော ကျပ်မှု လျော့ပါး သက်သာစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို သက်ဆိုင်ရာက သတ်မှတ် ထုတ်ပြန် ထားသည်။ သို့သော် လိုက်နာမှု အားနည်း၍ ယာဉ်ကြော ကျပ်၍ ပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ် မတော်တဆ မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုသို့ ယာဉ်အန္တရာယ်မတော်တဆမှု များ ဖြစ်ပွားမှု အခြေအနေကို ထောက်ရှု၍ သက်ဆိုင်ရာက ထုတ်ပြန် ထားချက်များကို အများစုက သိရှိ လိုက်နာမှု နည်းပါးနေဆဲ ရှိနေသည်ဟု သုံးသပ်နိုင်သည်။ ယနေ့ကာလ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်လျက် ရှိရာတွင် စည်းကမ်း၊ ဥပဒေ များကို လေးစား လိုက်နာမှုသည် အရေးကြီးသည်။

စည်းကမ်း၊ စည်းမျဉ်း၊ နည်းဥပဒေ၊ ဥပဒေ များကို လေးစား လိုက်နာမှသာ နေ့စဉ် လူမှုဘဝနှင့် နိုင်ငံတော်၏ လူမှုစီးပွား ဘဝများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက် နေသည့် နိုင်ငံများကို လေ့လာပါက စည်းကမ်းရှိသော၊ ဥပဒေ ကို လေးစား လိုက်နာသော ပြည်သူများ၏ တာဝန်သိ စိတ်ဓာတ်များ ကြောင့် ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ လူကို ခင်၍ မူကိုပြင်လေ့ မရှိကြဘဲ မူကိုခင်၍ လူကို ပြုပြင် ပေးကြလေ့ ရှိသည်။

သို့ဖြစ်ရာ ယနေ့ကာလ အေးချမ်း သာယာ၍ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်လျက် ရှိရာတွင် ပြည်သူ တစ်ဦးချင်းစီက စည်းကမ်း၊ ဥပဒေကို လေးစားလိုက်နာ တာဝန်ယူ တတ်သော စိတ်ဖြင့် ကျင့်ကြံ နေထိုင်ကြ၍ တစ်ဦးချင်း စီ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးမှု မှ အစပြု၍ တစ်နိုင်ငံလုံး အတိုင်းအတာ ထိ ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုဖြင့်သာ အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ရာ ပြည်သူ တစ်ရပ်လုံး အနေဖြင့် စည်းကမ်း၊ ဥပဒေများကို အလေးထား လိုက်နာ ကျင့်သုံး သွားရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger