www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 12, 2014

မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ ဖုန်ကန်ရာဇီ တောင်တက်ခရီး စီစဉ်


ရန်ကုန် ၊ ၁၂-၉-၂၀၁၄

မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်းမှ ကြီးမှူး၍ တောင်တက် အတွေ့အကြုံ ရယူလိုသော ဧည့်လမ်းညွှန်များ အတွက် ဖုန်ကန်ရာဇီ တောင်တက် ခရီးကို စက်တင်ဘာလ အတွင်း သွားရောက်ရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ ဦးဆောင် သွားရောက်မည့် ဖုန်ကန်ရာဇီ တောင်တက် ခရီးစဉ်သည် စက်တင်ဘာလ နောက်ဆုံးပတ် မှ အောက်တိုဘာလ ပထမပတ် အထိ နှစ်ပတ်ကြာ ခရီးစဉ် အဖြစ် စီစဉ်ထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းက ဦးစီးပြီး တောင်တက် အတွေ့အကြုံ ရယူလိုတဲ့ ဧည့်လမ်းညွှန် တွေအတွက် ဖုန်ကန်ရာဇီ တောင်တက် ခရီးစဉ်ကို အခုလ နောက်ဆုံးပတ်မှာ သွားရောက်ဖို့ စီစဉ်ထား ပါတယ်။ အဲဒီလို သွားရောက်ဖို့ အတွက်လဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင် နိုင်ဖို့ အတွေ့အကြုံ ရှိသူတွေရဲ့ ဟောပြော ပို့ချ လမ်းညွှန်မှု တွေကို လစဉ် MTGA က ဦးစီး ကျင်းပတဲ့ ပညာရပ် ဆိုင်ရာ ဟောပြောပွဲ နဲ့ ဗဟုသုတ ရယူစေခဲ့ ပါတယ် ... '' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းသည် ဖုန်ကန်ရာဇီ တောင်တက် ခရီးစဉ်အတွက် လူတစ်ဦးလျှင် ငွေကျပ် ခြောက်သိန်းနှင့် ခုနစ်သိန်း အကြား သတ်မှတ် ထားကြောင်း သိရသည်။

MTGA သည် အဆိုပါ သတ်မှတ်နှုန်းထား အဖြစ် ရန်ကုန် - ပူတာအို - ရန်ကုန် လေယာဉ် လက်မှတ်၊ နေစရိတ်၊ စားစရိတ်၊ သွားစရိတ် နှင့် Tent ပစ္စည်း အပြည့်အစုံကို တာဝန်ယူမည်ဟု သိရသည်။ တောင်တက် ခရီးစဉ်၌ လိုက်ပါလိုသော မန္တလေးမှ ဧည့်လမ်းညွှန် များသည် မန္တလေး လေဆိပ်တွင် လာရောက် ဆက်သွယ် နိုင်ပြီး၊ ပုဂံဒေသ နှင့် ရှမ်းပြည်နယ် စသည့် ခရီးသွားဇုန် များမှ ဧည့်လမ်းညွှန် များသည် မန္တလေး (သို့မဟုတ်) ရန်ကုန်သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

MTGA သည် ဖုန်ကန်ရာဇီ ခရီးစဉ်ကို လိုက်ပါနိုင်သော လူဦးရေ ကန့်သတ်ထားခြင်း မရှိကြောင်း၊ လိုက်ပါ လိုသူများသည် စက်တင်ဘာ ၁၅ ရက် နောက်ဆုံး ထားကာ ဖုန်း ဝ၁- ၂၅၆၂၇၈ သို့ စာရင်းပေးသွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။

အတာ 

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger