ကျောက်ဖြူ ၊ ၂-၉-၂၀၁၄
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ရှောက်ချောင်း ကျေးရွာနှင့် မိုင်ဝက်ခန့် အကွာတွင် တည်ရှိသော ရွှံ့မီးတောင် သည် သြဂုတ် ၃၁ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စတင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ချော်ရည် များသည် ပေ ၅ဝ အမြင့်ခန့် အထိ ထွက်ရှိ ခဲ့သည်။
အဆိုပါ ရွှံ့မီးတောင် သည် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု အားပျော့ သွားပြီး ည ၉ နာရီခွဲ အထိ ရွှံ့ရည်များ ဆက်လက် ထွက်ရှိ ခဲ့သည်။ မီးတောင် ပေါက်ကွဲ မှုကြောင့် လူများ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း အနီး ပတ်ဝန်းကျင်ရှိ လယ်မြေဧက ၂ဝ ခန့်သည် ရွှံ့ရည်များ ဖုံးလွှမ်း သွားခဲ့ပြီး ရှောက်ချောင်း ကျေးရွာအနီး ကိုက် ၂ဝဝ ခန့်အထိ ရွှံ့ချော်ရည်များ ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily




.jpg)



No comments:
Post a Comment