www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 16, 2014

ဒါ ဖတ်ပြီးမှ ထီထိုးပါ


ဒါ ဖတ်ပြီးမှ ထီထိုးပါ

မကွေး လှမြင့်

ထီဖွင့်ဖို့ နီးလာတာနဲ့ အမျှ မကွေး မြို့ပေါ်မှာ ထီကားတွေ၊ လက်တွန်း ထီလှည်းတွေ၊ သုံးဘီး ထီကားတွေ အသံချဲ့စက် ကို မိုင်ကုန်ဖွင့် ရပ်ကွက် တကာ၊ လမ်းတကာ၊ ကျေးလက်က ရွာတွေအထိ ပျားပန်းခပ် အလုပ်ရှုပ်လျက် ရှိကြ ပါတယ်။

(၃ဝ၈) ကြိမ်မြောက် အစိုးရ အောင်ဘာလေ သိန်းဆု အတွက် မကွေးမြို့က မြန်မာနိုင်ငံမှာ အပေါက် အများဆုံး နဲ့ နာမည်ကြီး ဖြန့်ချိရေး ထီဆိုင်ကြီးက ကိုယ်စားလှယ် ရထားတဲ့ ဆိုင်က ထီအရောင်း (စူဇူးကီး အဖြူရောင် ခွေးဘီလူး) ကားငယ် တစ်စီး မကွေးမြို့နယ် နတ်ကန်ရွာ သို့ ရောက်ရှိ လာကာ ထီလက်မှတ် တွေ ရောင်းချ နေပါတယ်။ တောင်သူကြီး ဦးဝင်းညွန့် ဆိုသူကလဲ အိပ်မက်အရ ရထားတဲ့ ဂဏန်းနှစ်လုံး ၄ အစ ၂ အဆုံး ရှေ့က ဘာအက္ခရာပဲ ဖြစ်ဖြစ် ပြောပြီး ထီလက်မှတ် သုံးစောင် ထိုးလိုက် ပါတယ်။

စက်တင်ဘာ ၃ ရက် နံနက် ၁ဝ နာရီခန့်မှာ ဆိုင်ကယ်နှစ်စီး လူနှစ်ယောက် နတ်ကန်ရွာထဲ အပြင်း မောင်းနှင် လာပြီး တောင်သူကြီး ဦးဝင်းညွန့် အိမ်ထဲ ဝင်လာ ပါတယ်။ ထီ အရောင်းသမား နှစ်ဦးက ယခင် အပတ်က ထိုးခဲ့သော ထီလက်မှတ် သုံးစောင်ထဲက တစ်စောင်မှာ တွတ် နှစ်သိန်း ဝင်ကြောင်း။ အဲဒါ လာလျော်ခြင်း ဖြစ်ကြောင်း ပြောပြီး ငွေကျပ် နှစ်သိန်း ဇွတ်ပေးပြီး ထီလက်မှတ်ကို တောင်းယူ သွားပါတယ်။ ဒါ့ပြင် တောင်သူကြီး ဦးဝင်းညွန့် ထံမှ ဆိုင်ကယ် ဆီဖိုးငွေ ကျပ် ၅ဝဝဝ ပင် တောင်းယူ သွားကြ ပါသေးတယ်။ တောင်သူကြီး ဦးဝင်းညွန့် က ခပ်ရိုးရိုး ခပ်အအ ဆိုတော့ အလကားနေ အလကား ငွေနှစ်သိန်း နည်းသလား ဆိုတဲ့ အတွေးနဲ့ ဘာမှ စစ်ဆေး မေးမြန်း မနေဘဲ ထီလက်မှတ် တွေကို ထုတ်ပေးလိုက် ပါတယ်။

ပြီးတော့ ဦးဝင်းညွန့် ဟာ ထီးရောင်းတဲ့ ကောင်လေး နှစ်ယောက် ပြန်သွားမှ သူတို့ ပေးသွားတဲ့ ငွေကို ခြေတုန် လက်တုန်နဲ့ ရေကြည့်တော့ ငွေက နှစ်သိန်း မပြည့်ဘူး။ ငွေကျပ် ၅ဝဝဝဝ လောက် ကွာနေတယ်။ ဒါတော့ များလွန်းတယ် ဆိုပြီး မကွေးမြို့ မှာရှိတဲ့ သူ့သား ထွန်းလှ အလုပ် လုပ်နေတဲ့ ကားကြီးဝင်း အနီး၊ အဝေရာလမ်း က ကားစက်ပြင် ဝပ်ရှော့ကို လိုက်သွားပြီး အကျိုးအကြောင်း ပြောပြ ပါတယ်။ ထွန်းလှကလဲ သူနဲ့ ခင်နေတဲ့ နယ် သတင်းထောက် တစ်ယောက်ကို အကူအညီ တောင်းပြီး မကွေးမြို့ ကမ်းနားလမ်းက ထီဖြန့်ချိရေး ဆိုင်ကို သွား စုံစမ်းတော့ တွတ်ဝင်တာ မဟုတ်ဘူး။ ငွေကျပ် ၁ဝ သိန်းဆု ပေါက်နေတာ။ ပေါက်တဲ့ ဂဏန်းက (က/ ၄၅၃၈၇၂) ဖြစ်ပါတယ်။

''ဒီကောင်တွေ က အရောင်း ဝန်ထမ်းတွေပါ။ သူတို့ ရောင်းတဲ့ထဲက ငွေကျပ် ၁ဝ သိန်းဆု ပေါက်တယ်လို့ ပြောပြီး ပင်ရင်းက ငွေကျပ် ၁ဝသိန်း ထုတ်သွားတယ်။ ထီလက်မှတ် လာမပေး သေးဘူး။ ဒီကိစ္စ ရှင်းပေး ပါ့မယ်'' ဆိုပြီး ထီရောင်းတဲ့ ကလေး နှစ်ယောက်ကို ခေါ်ကာ ငွေကျပ် ရှစ်သိန်း ပြန်ပေးခိုင်း လိုက်တယ်။ ထီဆိုင် ပိုင်ရှင်က မွန်မွန်ရည်ရည် ပါပဲ၊ ပြဿနာ အားလုံးကို ချောမွေ့သွားအောင် ရှင်းပေး နိုင်ပါတယ်။ 

ကဲ ကျေးလက်က ဦးကြီးတွေနဲ့၊ မြို့ပြက မလည်မဝယ် သူတွေ ထီထိုးပြီဆိုရင် အမှတ်တမဲ့ မနေကြနဲ့၊ လူလိမ်နဲ့ တွေ့သွား ပါလိမ့်မယ်။ ခုခေတ် လူလိမ် များတယ်နော့်....။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger