www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 21, 2014

မြနန်းစံကျော် ရွှေနန်းတော် အနီး မြန်မာတို့ စံထားမင်းကိုးပါး လက်ရာမြောက် ရုပ်ထုများကို လေ့လာနိုင်



မြနန်းစံကျော် ရွှေနန်းတော် အနီး မြန်မာတို့ စံထားမင်းကိုးပါး လက်ရာမြောက် ရုပ်ထုများ

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော် ဖြစ်သော မန္တလေးမြို့သည် အနုပညာမြောက် ကြေးသွန်း ရုပ်တုများ တစ်စု တစ်ဝေးတည်း တည်ရှိရာမြို့ ဟု တင်စား ကြသည်။ ထို့အတူ လက်ရာမြောက် ကြေးသွန်း ပညာရှင်များ တည်ရှိရာ မြို့ဖြစ်ပြီး မန္တလေးမြို့တွင် လက်ရာမြောက် ရုပ်တုများစွာ တည်ရှိသည်။ ထို ရုပ်တုများကို မြန်မာတို့ စံထားရုပ်တုများ ဟု ဆိုနိုင်သည်။ ရုပ်တုများသည် အင်္ဂတေ ရုပ်တု ကြေးသွန်း ရုပ်တုများ ဖြစ်ပြီး မြန်မာနိုင်ငံ၏ စံပြပုဂ္ဂိုလ်၊ လေးစားသော ပုဂ္ဂိုလ်များ နှင့် နယ်ပယ်စုံမှ ရုပ်တုများ ပါဝင်သည်။

ထို ရုပ်တုများကို လေ့လာခြင်းဖြင့် မြန်မာတို့ ကိုယ့်ထီး ကိုယ့်နန်း နှင့် နေထိုင်နိုင် ခဲ့ပြီး ကိုယ်ပိုင် အနုပညာ များဖြင့် အဆင့်တန်း မြင့်စွာ ရပ်တည် နေထိုင်ခဲ့သော ယဉ်ကျေးသည့် တိုင်းပြည် ဖြစ်ကြောင်း သက်သေ ပြနိုင်သည်။

မန္တလေးမြို့ရှိ ရုပ်တုများတွင် မြနန်းစံကျော် ရွှေနန်းတော် ၏ အရှေ့မြောက် အရပ်တွင် မြန်မာတို့ စံထား မင်းကိုးပါး ရုပ်တုကို ခံ့ညားစွာ တွေ့မြင်နိုင်သည်။

အဆိုပါ ရုပ်တုများမှာ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူ၊ ဘုရင့်နောင်၊ သာလွန် မင်းတရား၊ အလောင်း မင်းတရား၊ ဘိုးတော်ဘုရား၊ မဟာဗန္ဓုလ နှင့် ကနောင် မင်းသားကြီး တို့၏ ကြေးသွန်း ရုပ်တုများ ဖြစ်သည်။

ယခုအခါ မန္တလေးမြို့ရှိ အဖိုးတန် သမိုင်း အမွေအနှစ် မြနန်းစံကျော် ရွှေနန်းတော်ကို ဝင်ရောက် လေ့လာသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် များသည် ပြည်ထောင်စု ကျောက်တိုင် နှင့် မြန်မာ သူရဲကောင်းများ ဗိမာန်ကို သွားရောက်ကာ မြန်မာတို့ စံထား မင်းကိုးပါးကို လေ့လာ နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger