www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 29, 2014

လိုင်စင်မဲ့ယာဉ် နှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ


မော်လမြိုင် ၊ ၂၉-၇-၂၀၁၄

မွန်ပြည်နယ် ၊ သထုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဇူလိုင်လ ၂၆ ရက် နံနက် ၂ နာရီခွဲက သထုံမြို့နယ် ၊ ပေါ်တော်မူ ကျေးရွာအနီး လုံခြုံရေး ဆောင်ရွက် နေစဉ် ဘားအံ မှ သထုံ သို့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး ( KNPLF ) ကယား ငြိမ်းချမ်းရေး အထူးဒေသ (၂) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ ခင်ဇော် (စီးပွားရေး တာဝန်ခံ) (ဘ) ဦးတင်မောင် လွိုင်ကော်မြို့ နေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် ရှေ့နံပါတ် 6C/3322 ၊ နောက်နံပါတ် 3D/33352 တပ်ဆင် ထားသည့် နစ်ဆန်း အဖြူရောင် ယာဉ်နှင့် စောဖအောကုန် (ခ) ကိုစိုး (ခ) ကျော်စိုး ယခင် ( ဒီကေဘီအေ ဟောင်း ) (ဘ) ဦးဖိုးရော် လှိုင်းဘွဲ့မြို့ နေသူ မောင်းနှင် လာသည့် ယာဉ်အမှတ် 6C/3329 နစ်ဆန်း အနက်ရောင် ယာဉ်တို့ကို ရပ်တန့် စစ်ဆေး ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ယာဉ်နှင့် ပတ်သက်သည့် အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အပြင် ခင်ဇော် ၏ ခါးကြား အတွင်းမှ COUGAR အမျိုးအစား ပစ္စတို သေနတ် ၂ လက်နှင့် ၄င်းကျည် ၂ တောင့် ၊ ပွိုင့် ၂၂ လုပ်သေနတ် တစ်လက် နှင့် ကျည် ၁၃ တောင့် ၊ ယာဉ်မောင်း စောဖအောကုန် (ခ) ကိုစိုး (ခ) ကျော်စိုး ကို စစ်ဆေးရာ ယာဉ်၏ ကားခြေနင်း အောက်မှ BERETTA အမျိုးအစား ၉ မမ ပစ္စတို တစ်လက် နှင့် ၄င်းကျည် ၁၃ တောင့် တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခင်ဇော် နှင့် စောဖအောကုန် တို့နှစ်ဦးကို စစ်ဆေး မေးမြန်းရာ ၄င်းတို့ ၂ ဦးသည် လွန်ခဲ့သော တစ်ပတ်ခန့်က တောင်ကြီး မှ တို့ညီနောင် မှန်လုံယာဉ် ဖြင့် ပအိုဝ်း လွတ်မြောက်ရေး အဖွဲ့ (စိစစ်ဆဲ) မှ မောင်တကီး ဆိုသူက လက်နက်များကို တောင်ကြီးမြို့ သို့ ပို့ခိုင်းသဖြင့် သယ်ဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့မ ရဲစခန်း က ခင်ဇော် ကို (ပ) ၁၈၅/၂၀၁၄ ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) အရ လည်းကောင်း ၊ စောဖအောကုန် (ခ) ကိုစိုး (ခ) ကျော်စိုး ကို (ပ) ၁၈၆/၂၀၁၄ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) အရ လည်းကောင်း အသီးသီး အမှုဖွင့် ထားကြောင်း သိရှိရသည်။ (၄၀၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger