www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 13, 2014

ရေအရင်းအမြစ် မဆုံးရှုံးရေး


ရေအရင်းအမြစ် မဆုံးရှုံးရေး

လူဦးရေ တစ်စတစ်စ များပြား လာသည်နှင့် အမျှ Demand တိုးတက် လာသကဲ့သို့ လူတို့ မဆင်မခြင် သုံးစွဲမှုကြောင့် လေလွှင့် ပျက်စီးမှု နှင့် ရေအရင်းအမြစ် အပေါ် စီမံ ခန့်ခွဲမှု အားနည်းခြင်း များကြောင့် ရေ အရင်းအမြစ် ဆုံးရှုံးခြင်းများ ဖြစ်ပေါ် ခဲ့ရသည်။ ဤသို့ဖြင့် ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေး ကို ခြိမ်းခြောက် လာသည်။

ရေ လိုအပ်မှု များတွင် မိုးခေါင်ခြင်း သည် တစ်ခု အပါအ၀င် ဖြစ်သည်။ မိုးခေါင် ရခြင်း၏ အဓိက အကြောင်းရင်းမှာ ကမ္ဘာကြီး ပူနွေးလာမှု ပင် ဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာမှု ကြောင့် မိုးခေါင်ပြီး ရေရှားပါးမှု ကြုံတွေ့ လာရသည်။ မိုးခေါင် ရေရှားရာမှ ရေသယံဇာတ ရှားပါး လာမှုသည် သောက်သုံးရေ လုံလောက်စွာ မရရှိမှု ၊ သန့်ရှင်းသော သောက်ရေ မရရှိမှု ၊ ရေထု ညစ်ညမ်းမှု စသည့် ဆိုးကျိုးများ ကို ဖြစ်ပေါ် စေသည်။

ထို ဖြစ်ပေါ်မှုမှ တစ်ဆင့် ရေကြောင့် ဖြစ်ပေါ်သည့် ရောဂါများ ဆင့်ပွား ဖြစ်ပေါ် လာသ်ည။ ထို ရောဂါများ အနက် ကူးစက်တတ်သော ရောဂါ ပျံ့ပွားမှုကြောင့် ကမ္ဘာအနှံ့ ကပ်ရောဂါများ ကျရောက်နိုင်ပြီး သေဆုံးမှုများ ဖြစ်ပေါ် စေနိုင်သည်။ ရောဂါဘယ ဖြစ်ပွားမှုကြောင့် နိုင်ငံ၏ ကာကွယ်ရေး ၊ ကုန်ထုတ်လုပ်ရေး များ ကျဆင်းစေပြိး လူမှုရေး ၊ စီးပွားရေး ကဏ္ဍများကို ထိခိုက် လာစေနိုင်သည်။

လူတို့၏ မဆင်မခြင် နေထိုင်မှုကြောင့် ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် မှာ ယိုယွင်း ပျက်စီး လာရသည်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မိုးခေါင် ရေရှား အန္တရာယ် ဖြစ်ပေါ် လာရသည်။ ထို အကျိုးဆက် များကြောင့် ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး နှင့် နိုင်ငံရေး ကဏ္ဍများတွင် ဆိုးရွားသည့် အကျိုး သက်ရောက်မှု ကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် ပညာရှင် တို့က နောင်လာမည့် အနာဂတ် စစ်ပွဲများသည် ရေကို အကြောင်းပြု၍ ပေါ်ပေါက် လာမည့် စစ်ပွဲများ ဖြစ်လာမည်ဟု မှန်းဆ တွေးခေါ် ထားသည်။ ထို မှန်းဆချက် မှန်ကန်မည် ဆိုပါက လူသားတို့၏ ပေးဆပ်ရမှု သည် ကြီးမား လာမည် ဖြစ်သည်။

မြန်မာနိုင်ငံ သည်လည်း မိုးခေါင် ရေရှားမှု ၊ အပူဒဏ် လွန်ကဲမှု များကို သိသာစွာ ခံစား လာကြရသည်။ မိုးရွာသွန်းမှု မရှိခြင်း နှင့် ရာသီဥတု ပူပြင်းမှုကြောင့် သောက်သုံး ရေကန်များ ခန်းခြောက်ခြင်း တို့ကြောင့် ရေရှားပါးမှု ပြဿနာကို ကြုံတွေ့ လာရသည်။ အဆိုပါ ပြဿနာများ ပြေလည်စေရန် ဒေသ အာဏာပိုင်များ ၊ ဌာနဆိုင်ရာများ ၊ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့များ ၊ ပြည်သူများ ပူးပေါင်း၍ ဖြေရှင်းလျက် ရှိသည်။

" ထမင်း အသက် ခုနစ်ရက် ၊ ရေအသက် တစ်မနက် " ဟု ရှေးလူကြီး များက ရေ၏ အရေးပါပုံ ကို သတိပေး စကား ထားရှိပေး ခဲ့သည်။ ထို့အတူ " အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရ " ဟု ရှေးလူကြီးများက သဘာဝ ပတ်ဝန်းကျင် နှင့် ပတ်သက်၍ ကျေးဇူးတရား သိတတ်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် သတိပေး စကား ထားရှိပေး ခဲ့သည်။

သို့ဖြစ်ရာ မြန်မာ ရှေးလူကြီး သူမတို့၏ အမြော်အမြင် ကြီးစွာ သတိပေး စကား ထားရှိခဲ့မှု များကို မျိုးဆက်သစ် လူငယ်များက အလေးထား၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရေ အရင်းအမြစ် များအပေါ် အလေးထား ထိန်းသိမ်းရေး ကို တာဝန် ကျေစွာ ထမ်းဆောင်ရင်း မိမိတို့ နေထုငိရာ ပြည်မြန်မာ ကို သာယာ လှပအောင် ကြိုးစား သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger