www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 6, 2014

သတိပြုဖွယ် လျှပ်စစ်မီး အန္တရာယ်


သတိပြုဖွယ် လျှပ်စစ်မီး အန္တရာယ်

နွေရာသီ ရောက်ပြီ ဆိုလျှင် လူသားအားလုံး အတွက် အကြောက်ရဆုံး အန္တရာယ် တစ်ခုမှာ မီးဘေး အန္တရာယ် ဖြစ်သည်။ မီးလောင်မှု သတင်းများ မကြာခဏ ကြားရ တတ်သည်။ မီးဖိုမီး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီး၊ ပေါ့ဆမီး စသည်ဖြင့် စုံလှ ပါသည်။ ၄င်းမီးတို့ အပြင် လျှပ်စစ်မီး အန္တရာယ် သည်လည်း ကြောက်စရာ အကောင်းဆုံး အန္တရာယ် တစ်ခုပင် ဖြစ်သည်။

''မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ'' ဟု ဆိုထားသည်။ မီးသုံး တတ်ခြင်း၊ မသုံး တတ်ခြင်းကို မည်သို့ ခွဲခြား သုံးသပ်ကြ မည်နည်း။ မီးလောင်မှု မဖြစ်စေရန် သတိမူ၍ စနစ်တကျ မီးသုံးစွဲခြင်းကို မီးသုံး တတ်ခြင်း ဟု ခေါ်ပြီး မီးလောင်မှု ဖြစ်ပွားမည်ကို အလေးထား သတိမူခြင်း မရှိဘဲ ပေါ့ဆစွာ မီးသုံး စွဲခြင်းကို မီးမသုံးတတ်ခြင်း ဟု ခေါ်သည်။

နွေရာသီ ကာလတွင် လျှပ်စစ်ကြောင့် ဖြစ်ရသည့် မီးဘေး အန္တရာယ်သည် အများဆုံး ဖြစ်ပွား တတ်သည်။ လျှပ်စစ်ကြောင့် ဖြစ်ပွား ရသည့် မီးအန္တရာယ်မှာ လျှပ်စစ် ဓာတ်အား ပြတ်တောက် ခြင်းကြောင့် ဖြစ်ရခြင်းက စတင်သည်။ အကြောင်းမှာ နွေရာသီတွင် ရေအား ဆုတ်ယုတ် ချိန်ဖြစ် သောကြောင့် ရေအားဖြင့် ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများ ပြတ်တောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရုတ်တရက် မီးပျက်သွားစဉ် အသုံးပြုဆဲ လျှပ်စစ် ပစ္စည်းများ တွင် မီးခလုတ် မပိတ်ဘဲ ထားမိရာမှ မီးပြန်လာသည့် အချိန်တွင် ထို အသုံးပြုဆဲ လျှပ်စစ် ပစ္စည်းများမှ အပူ လွန်ကဲခြင်း (Over Heat ) ဖြစ်ပြီး မီးလောင်ခြင်း ဖြစ်သည်။

အထူးသဖြင့် လျှပ်စစ် ရေနွေးအိုး တည်ခြင်း၊ မီးပူ တိုက်ခြင်း စသည် တို့ကြောင့်လည်း မီးလောင်မှု ဖြစ်ပွား နိုင်သည်။ ထို့ကြောင့် မီးလောင်မှု မဖြစ်ပွားအောင် လျှပ်စစ်သုံး ပစ္စည်းများကို စနစ်တကျ သုံးစွဲရန် လိုအပ် ပေသည်။ ထို့ပြင် အပူချိန် မြင့်မား လာသည့် အလျောက် နေ့လယ်၊ နေ့ခင်းတွင် မလိုအပ်ဘဲ မီးချောင်းများ ထွန်းထား ရာမှလည်း အပူ လွန်ကဲပြီး မီးလောင် တတ်ပါသည်။ မီးအားနည်း နေချိန်တွင် မီးအား မြှင့်စက်ကို အလွန် မြှင့်တင် သုံးစွဲခြင်း ကြောင့်လည်း မီးလောင်မှုကို ဖြစ်ပွား နိုင်ပါသည်။

သို့ဖြစ်ရာ နွေရာသီ ရောက်လာပြီ ဆိုပါက လျှပ်စစ်မီး သုံးစွဲကြ သူတိုင်းသည် လျှပ်စစ်ကြောင့် ဖြစ်ရသည့် မီးဘေး အန္တရာယ်မှ ကင်းလွတ် စေရန် သတိမူ ကြရမည် ဖြစ်သည်။ မီးကို လောင်ကျွမ်းမှု မဖြစ်အောင် သတိထားပြီး သုံးစွဲခြင်းသည် မိတ်ဆွေကောင်း အဖြစ် မီးသုံးစွဲ တတ်ခြင်း ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger