www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 3, 2014

ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသ စာရင်းဝင်နေရာ ( Ramsar Site ) တစ်ခုအဖြစ် မိုးယွန်းကြီးအင်း တိရစ္ဆာန် ဘေးမဲ့တောကို သတ်မှတ်



နေပြည်တော် ၊ ၃-၂-၂၀၁၄

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၊ သစ်တော ဦးစီးဌာန နှင့် နော်ဝေ ပတ်ဝန်းကျင် ရေးရာ အေဂျင်စီ ၊ အပြည်ပြည် ဆိုင်ရာ တိရစ္ဆာန် နှင့် အပင်များ အဖွဲ့ ( FFI ) ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း ( BANCA ) ၊ ရွှေပြည်အေး ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပသော ၂၀၁၄ ခုနှစ် ကမ္ဘာ့ရေတိမ် ဒေသများနေ့ ( World Wetlands Day ) အထိမ်းအမှတ် အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် နှင့် ဝေါမြို့နယ်  အတွင်းရှိ ပျဉ်ပုံကြီး ကျေးရွာအနီး မိုးယွန်းကြီးးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ၌ ကျင်းပသည်။

အခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း က ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ေ ရတိမ်များနေ့ ဆောင်ပုဒ် အဖြစ် '' ရေတိမ်ဒေသ များနှင့် စိုက်ပျိုးရေး ယှဉ်တွဲ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေး " Wetlands and Agriculture : Partners for Growth ဟု အပြည်ပြည် ဆိုင်ရာ ရေတိမ်ဒေသများ ကွန်ဗင်းရှင်း ( Convention on Wetlands ) က သတ်မှတ် ထုတ်ပြန် ထားပါကြောင်း ၊ ကမ္ဘာ့ ကုလသမဂ္ဂ ရမ်ဆာ အတွင်းရေးမှူးရုံး မှ ကမ္ဘာ့ အရေးပါသော ရေတိမ်ဒေသ စာရင်းဝင် နေရာ ( Ramsar Site ) တစ်ခုအဖြစ် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ကို သတ်မှတ် နိုင်ခဲ့ပါကြောင်း ၊ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးကို အဓိက အခြေခံသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အတွက် ရေတိမ် ဒေသများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါကြောင်း ၊ ရေတိမ် ဒေသများ သည် စိုက်ပျိုးမြေများ အတွက် ရေသိုလှောင် သိမ်းဆည်း ထားရုံ သာမက မြေဆီလွှာ ဖွံ့ဖြိုး တိုးတက် စေခြင်း ၊ စိုက်ပျိုး သီးနှံများ မျိုးပွားစေခြင်း နှင့် ပိုးမွှားများ သုတ်သင် ဖယ်ရှား ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသော ရေပျော်ငှက် မျိုးစိတ်များ နှင့် အခြား တိရစ္ဆာန်မျိုး စိတ်များ အတွက် အဓိက မှီတင်း နေထိုင်ရာ ဂေဟစနစ် တစ်ခုအဖြစ် အထောက် အကူပြုလျက် ရှိပါကြောင်း ၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရန် ရေတိမ်ဒေသ များကို စနစ်တကျ စီမံအုပ်ချုပ် ရန်လည်း လိုအပ်ပြီး သဘာဝ ပတ်ဝန်းကျင် နှင့် ဂေဟစနစ် တို့ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် စိုက်ပျိုးနည်း စနစ်များကို သာ အသုံးပြု ရန်လည်း လိုအပ်လှ ပါကြောင်း ၊ ကမ္ဘာနှင့် အဝှမ်း ကြုံတွေ့ နေရသည့် ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း များကို အထိရောက်ဆုံး လျှော့ချ နိုင်ရန်နှင့် လိုက်လျော ညီထွေ ဖြစ်စေရေး အတွက် ရေတိမ်ဒေသ ဂေဟစနစ် များကို စနစ်တကျ ထိန်းသိမ်း ကာကွယ် သွားရမည် ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက်လည်း အကျိုးရှိရှိ စီမံခန့်ခွဲ အသုံးချ သွားနိုင်ရန် နိုင်ငံတော် အစိုးရနှင့် တကွ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ အစိုးရ မဟုတ်သော လူမှုအဖွဲ့ အစည်းများ ၊ ဒေသခံ ပြည်သူများ နှင့် ဆက်စပ် ပတ်သက်သူများ အားလုံး မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြ ပါရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က ပဲခူးတိုင်း ဒေသကြီး အနေဖြင့် မိုးယွန်းကြီးအင်း ဘေးမဲ့တော ကဲ့သို့ပင် ဆောင်းခိုငှက်များ ကျရောက် ကျက်စားမှု အများဆုံး ရှိသည့် မုတ္တမ ပင်လယ်ကွေ့ ဒေသတွင် ပါဝင် သော သနပ်ပင် ၊ ကဝမြို့နယ် အပိုင်း တို့၌ ကမ္ဘာလုံး ဆိုင်ရာ မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်လု နီးပါး ရှားပါး ငှက်မျိုးစိတ် ဖြစ်သည့် ဒီလုံးငှက်ခေါ် ရေညှောင့် နှုတ်ဝိုင်းငှက်များ ကျရောက် ကျက်စားလေ့ ရှိကြောင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာန မှ ထုတ်ပြန်ချက် များအရ သိရှိရ ပါကြောင်း ၊ ပဲခူးတိုင်း ဒေသကြီး အတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်း တို့ကို ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ နှင့်အတူ ဟန်ချက်ညီ တိုးတက် အောင်မြင်အောင် ဆောင်ရွက် သွားနိုင်ရေး စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။

ယမန်နေ့ အထိမ်းအမှတ် အခမ်းအနား တွင် နော်ဝေ နိုင်ငံအစိုးရ ပတ်ဝန်းကျင် ရေးရာ အေဂျင်စီ ၏ ပံ့ပိုးမှုဖြင့် ပြန်လည် ပြင်ဆင်ခဲ့သော မိုးယွန်းကြီးအင်း ရေတိမ်ဒေသ ပညာပေး ပြခန်းကို ပြည်ထောင်စု ဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှု၍ မိုးယွန်းကြီးအင်း အတွင်း စက်လှေများဖြင့် လှည့်လည် ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger