နေပြည်တော် ၊ ၁၅-၁၂-၂၀၁၃
မြန်မာ့ လေကြောင်း မှ အသစ် ၀ယ်ယူထားသော Grand Caravan လေယာဉ် များဖြင့် မန္တလေး ချမ်းမြသာစည် လေဆိပ် အခြေပြု၍ ခရီးစဉ် များအား ပျံသန်း ပို့ဆောင်မှုကို ၁၂-၁၂-၂၀၁၃ ရက်မှ စတင်၍ ကြေညာ ထားသည့် ခရီးစဉ် စတင် ပျံသန်းရာ မန္တလေး - လွိုင်ကော် - မန္တလေး ခရီးစဉ် နှင့် မန္တလေး - ဗန်းမော် - မန္တလေး ခရီးစဉ် အား စတင် ပျံသန်းခဲ့ကြောင်း သိရသည်။
မန္တလေး - လွိုင်ကော် - မန္တလေး ခရီးစဉ်မှာ ယခင်က ပျံသန်းသော ခရီးစဉ် မရှိခဲ့ဖူး သဖြင့် ယခုအခါ ဒေသခံများက ကျေနပ်မှု ရှိပြီး ကြိုဆိုကြောင်း သိရသည်။ ပထမဆုံး လွိုင်ကော် သို့ ဆင်းသက်စဉ် ဒေသခံ တိုင်းရင်းသား တို့မှ အတီးအမှုတ် တို့ဖြင့် ကြိုဆိုကြပြီး ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များက လေဆိပ်သို့ ဆင်းသက် ကြည့်ရှု အားပေး ခဲ့ကြသည်။
မန္တလေး ချမ်းမြသာစည် - လွိုင်ကော် လေယာဉ်စီးခ ဈေးနှုန်းမှာ ကျပ်ငွေ ၄၉၀၀၀ ဖြစ်ကြောင်း နှင့် ခရီးသည် ၁၁ ဦး လိုက်ပါ နိုင်ကြောင်း ၊ ထို့အပြင် မကွေး ၊ ကျောက်ထု ၊ နမ့်စန်မြို့ များကိုပါ ခရီးစဉ် ဆက်လက် ပျံသန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။






No comments:
Post a Comment