www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 6, 2013

ဒုတိယအကြိမ် ထုတ်ကုန်ပြပွဲကို မုံရွာမြို့ မြို့တော်ခန်းမတွင် ပြခန်း(၆၀)၌ ကုမ္ပဏီ(၃၅)ခုက ပြသ ရောင်းချမည်


မုံရွာ ၊ ၆-၁၂-၂၀၁၃

City Clobal Mark Services Co., Ltd ၏ ဒုတိယ အကြိမ်မြောက် ထုတ်ကုန်ပြပွဲ ကို မုံရွာမြို့ မြို့တော် ခန်းမတွင် ဒီဇင်ဘာ ၆ ရက်မှ ၁ဝရက်အထိ ပြခန်းပေါင်း ၆ဝ တွင် ကုမ္ပဏီပေါင်း ၃၅ ခုက ခင်း ကျင်းပြသ သွားမည် ဖြစ်ကြောင်း General Manager ကိုထွန်းထွန်းဦး ထံမှ သိရသည်။

ထုတ်ကုန်ပြပွဲ ကျင်းပရာတွင် ယခုနောက်ပိုင်း ကာလများတွင် ပြည်တွင်း ကုမ္ပဏီ များထက် ပြည်ပ ကုမ္ပဏီများက ပါဝင် ပူးပေါင်း ပြသမှုဆန္ဒ ပိုမိုရာ မုံရွာမြို့တွင် ယခု ကျင်းပမည့် ထုတ်ကုန် ပြပွဲ၌ ပြည်ပ ကုမ္ပဏီ ပေါင်းစုံ ပါဝင်ပြသမှု များလာမည် ဖြစ်ကြောင်း ၊ အဓိက အားဖြင့် အိန္ဒိယ နိုင်ငံမှ အဓိက တင်သွင်းသည့် လယ်ယာသုံး စက်ကိရိယာ များနှင့် လယ်ထွန်စက် များကို ဗန္ဓုလ အင်တာ နေရှင်နယ် ကုမ္ပဏီမှ တိုက်ရိုက် လာရောက် ပြသ၍ ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

လယ်ယာသုံး ပစ္စည်း ကိရိယာများ အပြင် အလှကုန် ပစ္စည်းများ ၊ ဆောက်လုပ်ရေး ပစ္စည်းများ ၊ လျှပ်စစ်နှင့် အိမ်တွင်း အလှဆင် ဖက်ရှင် အသုံးအဆောင် များ စသည်ဖြင့် အမျိုးအစား စုံလင်စွာ ပြသမည့် အပြင် ပြပွဲသို့ လာရောက် သူတိုင်းကို ကံစမ်းမဲ လက်မှတ်များ ချီးမြှင့်ကာ ပြပွဲ နေ့ရက်တိုင်း ၏ ညနေ ၆ နာရီတွင် ကံစမ်းမဲ အမျိုးပေါင်း ၂ဝ ကို ပြပွဲ ကာလ ၅ ရက်တိုင် မဲဖောက်၍ ပစ္စည်းအမျိုး (၁ဝဝ)ကို ချီးမြှင့်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပစ္စည်း အမျိုး(၁ဝဝ) တွင် ပွဲတော် နောက်ဆုံးရက် ဒီဇင်ဘာ ၁ဝ ရက် ညနေ ၆နာရီတွင် ဖွင့်လှစ်မည့် ကံစမ်းမဲ အစီအစဉ်တွင် အထူး ကံစမ်းမဲ အဖြစ် ရုပ်မြင် သံကြားစက် တစ်လုံးကို ထည့်သွင်း မဲဖောက် ချီးမြှင့် ပေးသွားမည် ဖြစ်သည်။

မုံရွာမြို့သို့ လာရောက် မကျင်းပခင် City Global Mark ကုမ္ပဏီ သည် (၆၈) ကြိမ်မြောက် ကရင် ပြည်နယ်နေ့ ကျင်းပသော ဘားအံမြို့ တွင် (၆) ကြိမ်မြောက် အဖြစ် ခင်းကျင်း ပြသ ရောင်းချခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ထဲတွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းများ သီးသန့် ပြပွဲအဖြစ် မန္တလေးမြို့ တွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger