www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 2, 2013

ကျန်းမာရေးပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်


ကျန်းမာရေးပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

အယ်ဒီတာ့အာဘော်
( ၂-၁၂-၂၀၁၃ )

နိုင်ငံတော်တွင် ပြည်သူတို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လူတိုင်း လက်လှမ်းမီ လွှမ်းခြုံရေး အကောင် အထည်ဖော် ရန်မှာ ကျန်းမာရေး ဝန်ကြီးဌာန သာမက နှီးနွှယ် နေသော ဝန်ကြီးဌာနများ ၊ ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်း ပါဝင်မှု တို့သည် အရေးပါသော ကဏ္ဍများ ဖြစ်သည်။

ပြည်သူများ အတွက် ကျန်းမာမှု မြှင့်တင်ရေး ၊ ရောဂါ ကာကွယ် ကုသရေး နှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု များကို ပြည်သူအားလုံး လက်လှမ်းမီ ရရှိစေမည့် အပြင် ကုန်ကျစရိတ် များအတွက် ပူပင် ကြောင့်ကြမှု မရှိစေရန် စီစဉ် ဆောင်ရွက် ခြင်းသည် ကျန်းမာရေး စောင့်ရှောက်မှု လူတိုင်း လက်လှမ်းမီ လွှမ်းခြုံရေးပင် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန သည် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ လွှမ်းခြုံရေး အတွက် မြန်မာ့ ကျန်းမာရေး စနစ် အားကောင်း လာရေး ၊ ကုသမှု အရည်အသွေး များ တိုးတက် လာစေရေး ၊ ကျန်းမာရေး ဆိုင်ရာ စွမ်းအားစု များကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲရေး တို့ကို အလေးထား ဆောင်ရွက်လျက် ရှိသည်။

ကျန်းမာရေးဟူသည် ပြည်သူ တစ်ဦးချင်း အနေဖြင့်လည်း သက်ဆိုင်သည်။ ကျန်းမာရေး နှင့် ညီညွတ်သော နေထိုင် စားသောက် ပြုမူသည့် အလေ့အထ များရှိကြ ရမည်ဖြစ်သည်။ လူတိုင်း နေ့စဉ် သောက်နေ ကြသော သန့်စင်သည့် ရေသည် ကျန်းမာရေး အတွက် များစွာ အထောက်အပံ့ ဖြစ်သည်။ လူတစ်ဦးသည် ပြင်းထန်သော လေ့ကျင့်ခန်း တစ်နာရီခွဲကြာ ပြုလုပ်ပြီး ချိန်တွင် ထိုသူ၏ ဦးနှောက်သည် လူ၏ အသက်တစ်နှစ် ပိုကြီး သွားသည့် အလား ကျုံ့သွား သော်လည်း ရေတစ်ခွက် သို့မဟုတ် နှစ်ခွက် သောက်လိုက် ခြင်းဖြင့် မူလ အနေအထားသို့ ပြန်ရောက် သွားပြီး လူ၏စိတ်ကို ပိုမို ထက်မြက် စေနိုင်ကြောင်း သုတေသီ များ၏ ပြောကြားချက် အရ သိရသည်။

အချဉ်ဓာတ် ပါဝင်သည့် ရှောက်သီး နှင့် သံပရာသီး ကဲ့သို့သော သစ်သီးများတွင် ဖလေဗာနိုက်ဓာတ် ပါဝင်မှုနှုန်း မြင့်မားသဖြင့် စားသုံးသူ အတွက် သွေးလည်ပတ်မှု အားကောင်း စေပြီး ဖောရောင်မှု ဝေဒနာကို လျှော့ချ ပေးကာေ လသင်တုန်း ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချ ပေးနိုင်ကြောင်း နှလုံး ကျန်းမာရေး သုတေသီများ က လေ့လာ တွေ့ရှိထား ကြသည်။ ဗီတာမင်စီ ဓာတ်ပါဝင်သော အသီးအရွက် များကို စားသုံးခြင်း သည် လေသင်တုန်း ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချ ပေးနိုင်သည်ဟု ဆိုသည်။

အခွံမာ သစ်သီးဝလံ များမှ သစ်ကြားသီး ၊ သစ်အယ်သီး ၊ ဗာဒံသီး ၊ မက္ကဒေး မီးယားသီး ၊ သီဟိုဠ် သရက်သီး နှင့် သစ်ဆိမ့်သီး တို့ကို စားသုံးခြင်း သည် နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ အူမကြီး ကင်ဆာရောဂါ နှင့် သည်းခြေေ ကျာက်တည် သည့် ရောဂါဖြစ်ပွားမှု တို့ကို လျှော့ချ နိုင်သည်။ ထို့အပြင် သွေးအတွင်း ကိုလက်စထရော ပါဝင်မှု ၊ အသားအရည် ဖူးရောင် ယားယံခြင်း ဝေဒနာ ၊ အဆီဓာတ် ပါဝင်မှုတို့ကို လျှော့ချ နိုင်ပြီး အင်ဆူလင် စွမ်းအားကို ဖြည့်ဆည်း ပေးနိုင်သည်။

အရှေ့တောင် အာရှနိုင်ငံ များမှ ကမ္ဘောဒီးယား ၊ လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံ တို့တွင် ငါးများကို အစိမ်းစား ကြခြင်းကြောင့် အသည်း ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုများကြောင်း ဂျပန်နိုင်ငံ ဒေါ့စ်ကျို တက္ကသိုလ်မှ သိပ္ပံပညာရှင် နှစ်ဦးနှင့် ကမ္ဘောဒီးယား နိုင်ငံ ပိုးမွှားဗေဒ နှင့် ငှက်ဖျားရောဂါ ထိန်းချုပ်ရေး ဌာနမှ ပညာရှင်များ ပူးတွဲ သုတေသန ပြုချက်အရ သိရသည်။

သို့ဖြစ်၍ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ဆိုသည့် အကြောင်းတရား လေးပါး ညီညွတ်စေရန် အစာလည်း ဆေး ၊ ဆေးလည်း အစာ ဆိုသည့်အတိုင်း ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်မှု ပုံစံ အသိပညာ ပေးရေး လုပ်ငန်း များ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger