The Hague (နယ်သာလန်) ၊ ၁၂-၁၁-၂၀၁၃
ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင် မြေဧရိယာ ကို ကမ္ဘောဒီးယား နိုင်ငံက ပိုင်ဆိုင်သည်ဟု နယ်သာလန် နိုင်ငံ ၊ The Hague တွင် အခြေစိုက် သည့် နိုင်ငံတကာ တရားရုံးချုပ် ( International Court of Justic _ ICJ ) က နိုဝင်ဘာ ၁၁ ရက်တွင် တညီတညွတ် တည်း စီရင် ဆုံးဖြတ် ခဲ့သော်လည်း ကမ္ဘောဒီးယား နိုင်ငံက တောင်းဆို ထားသော နယ်နိမိတ် မြေပုံအတိုင်း ပိုင်းခြား သတ်မှတ် ပေးခဲ့ခြင်း မရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့ကြောင့် ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင်ရှိ ထိုင်း လုံခြုံရေး တပ်ဖွဲ့များ အားလုံး ရုပ်သိမ်း ရမည် ဖြစ်ကြောင်း ICJ က ဆုံးဖြတ် ခဲ့သည်။ သို့သော်လည်း ကမ္ဘောဒီးယား က ၁၉၆၂ ခုနှစ် ICJ ၏ စီရင် ဆုံးဖြတ်ခဲ့မှု အရ အဆိုပါ ဘုရားကျောင်း အနီးရှိ တောင်ကုန်း တစ်ခုမှာ ၄င်းတို့ပိုင် ဖြစ်သည် ဟူသော တောင်းဆိုချက် ကို ICJ က ပယ်ချ ခဲ့သည်။
ထိုင်းနိုင်ငံက Pheu Makheu ဟု ခေါ်ဆိုပြီး ကမ္ဘောဒီးယား နိုင်ငံက Phnum Trap ဟု ခေါ်ဆိုသော အဆိုပါ တောင်ကုန်းမှာ နှစ်နိုင်ငံအကြား အငြင်းပွား နေသော ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင် ၄.၆ စတုရန်း ကီလိုမီတာ အတွင်း ပါဝင် လျက်ရှိသည်။ ကမ္ဘောဒီးယား နိုင်ငံက အဆိုပါ ၄.၆ စတုရန်း ကီလိုမီတာ ဧရိယာကို ကမ္ဘာ့ အမွေအနှစ် နေရာအဖြစ် သတ်မှတ်ရန် လိုအပ်သည်ဟု ပြောကြားလျက် ရှိကြောင်း သိရသည်။
The 900-year-old Preah Vihear temple is a World Heritage site
နှစ်နိုင်ငံ အနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း နှင့် နှစ်နိုင်ငံ ပူးတွဲ နယ်စပ် ကော်မတီ အစည်းအဝေး ကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူရာပေါင် တိုဗီ ချက်ချိုင်ကူးလ် ကလည်း ပြောကြား ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ICJ က ပရဗီဟာ ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်ကြောင်း စီရင် ဆုံးဖြတ် ပေးခဲ့သော်လည်း အဆိုပါ ဘုရားကျောင်း ပတ်ဝန်းကျင် နယ်စပ်မျဉ်း ဧရိယာနှင့် ပတ်သက်၍ ဆုံးဖြတ် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။







No comments:
Post a Comment