တိုကျို ၊ ၁၂-၁၁-၂၀၁၃
သကြားဓာတ် အမြောက် အမြား ပါဝင်သည့် အချိုရည် များကို တစ်နေ့လျှင် နှစ်ဘူးခန့် သောက်သုံး သူများသည် ကျောက်ကပ် ပျက်စီးမည့် အန္တရာယ် နှင့် ကြုံတွေ့ ရဖွယ် အလားအလာ ပိုမို များကြောင်း ဂျပန် သုတေသီ များ၏ လေ့လာ တွေ့ရှိချက် အရ သိရသည်။
ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ် ဆေးကောလိပ် ၌ သုတေသီ များသည် အဆိုပါ တက္ကသိုလ် ရှိ ၀န်ထမ်းပေါင်း ၈၀၀၀ ကျော်ကို လေ့လာခဲ့ကြသည်။ ယင်းတို့ လေ့လာရာ တွင် အချိုရည် များတွင် အသုံးပြု ထားသည့် သကြား တစ်မျိုးသည် သွေးအတွင်း ရှိ ဆားဓာတ် ပါဝင်မှု ကို တိုးမြှင့် ပေးကြောင်း နှင့် အခြား လေ့လာချက် တစ်ခုအရ ၄င်း အချိုရည် များသည် ခန္ဓာကိုယ် အတွင်းမှ ပရိုတန်း ဓာတ် အများအပြား ကို ဖယ်ရှား ပစ်ရန် အတွက် ကျောက်ကပ်ကို ဖိအားပေး လုပ်ဆောင် စေကြောင်း သိရသည်။
ထို့ကြောင့် တစ်နေ့လျှင် အချိုရည် နှစ်ဘူးခန့် သောက်သုံး သူများ သည် ဆီးမှတစ်ဆင့် ပရိုတိန်း များကို ပိုမို စွန့်ထုတ် ရခြင်းကြောင့် ဖြစ်ပေါ် လာသည့် ကျောက်ကပ် ပျက်စီးမှု ( Priteinuria ) နှင့် ပိုမို ရင်ဆိုင် ကြုံတွေ့ ရဖွယ် ရှိသည်ဟု သုတေသီ များက ပြောကြား ထားသည်။
အချိုရည်များ ထုတ်လုပ် ရာတွင် Fructos ဓာတ် သို့မဟုတ် အသီးအနှံများ မှထုတ်ယူ ထားသည့် သကြားဓာတ် များကို အသုံးပြု ထားခြင်းကြောင့် ယင်း သကြားဓာတ် က ကျောက်ကပ်အား ဆားကို စုပ်ယူရန် ဖိအားပေး သည်ကို တွေ့ရှိ ခဲ့ကြသည်။
ထို့ကြောင့် ဆားဓာတ်ကို ကျောက်ကပ် ပိုမို စုပ်ယူခြင်း ကြောင့် သောက်သုံးသူများ ၌ သွေးချို ဆီးချို ၊ အ၀လွန်ခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် သွေးတိုးခြင်း စသည့် ဘေးထွက် ဆိုးကျိုးများ ကိုပါ ခံစား ရဖွယ် ရှိသည်ဟု အမေရိကန် ပြည်ထောင်စု ကလိဗလန်း မြို့ရှိ Case Western Reserve University မှ သိပ္ပံ ပညာရှင် များက ပြောကြား ထားသည်။
သုတေသီ များသည် အဆိုပါ တွေ့ရှိချက် နှစ်ခုလုံးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ထုတ်ဝေ ခဲ့သည့် American Society of Nephrology Kidney week တွင် ဖော်ပြ ခဲ့သည်ဟု သိရှိရသည်။






No comments:
Post a Comment