www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 15, 2013

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု၌ အမှန်တကယ် လုပ်ဆောင်မည့် ပြည်ပကုမ္ပဏီ များကိုသာ ရွေးချယ်မည်



ရန်ကုန် ၊ ၁၅-၁၁-၂၀၁၃

ရန်ကုန် ဘူတာကြီး ၀င်းတစ်ခုလုံး အဆင့်မြှင့် တင်ခြင်းများ လုပ်ဆောင်ရန် အတွက် တင်ဒါ ခေါ်ယူရာတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် ကုမ္ပဏီ များကိုသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိ သူတစ်ဦး ၏ ပြောပြချက် အရ သိရသည်။

အဆိုပါ အဆင့်မြှင့် တင်မှုများ လုပ်ကိုင်ရန် အတွက် ပြည်ပ ကုမ္ပဏီ များသာမက ပြည်တွင်း ကုမ္ပဏီ များကပါ တင်ပြမှု များ ရှိခဲ့ကြောင်း ၊ သို့သော်လည်း နိုင်ငံတကာ အဆင့်သို့ မြှင့်တင်မှု လုပ်ဆောင်မည် ဖြစ်သောကြောင့် ပြည်တွင်း ကုမ္ပဏီ များကို ခေါ်ယူမည် မဟုတ်ကြောင်း ရထားပိုင်း ကဏ္ဍများ တွင်သာ ပြည်တွင်း ကုမ္ပဏီ များကို လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

" ပြည်ပ ကုမ္ပဏီကြီး လေးခုက တော့ တင်ပြ ထားတာ ရှိပါတယ် ၊ ရင်းနှီးမြှုပ်နှံ မှု တကယ် လုပ်မယ့် ကုမ္ပဏီ ကိုပဲ ရွေးချယ်မယ် ၊ လုပ်နိုင်မှု အပေါ် မူတည်ပြီး အတိအကျ ခေါ်ယူမယ် ... .. " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

နိုင်ငံတကာ အဆင့်မြှင့် တင်မှုတွင် ရန်ကုန် ဘူတာကြီးဝင်း အတွင်း လူနေ အဆောက်အအုံ များ Public Service နေရာ အများစု ပါဝင်ကြောင်း ၊ လက်ရှိ ရထားကဏ္ဍ တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး မကြာမီ ရန်ကုန် ဘူတာကြီးကို အဆင့်မြှင့် တင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၊ ပြည်တွင်း ကုမ္ပဏီများ ကို မြို့ပတ်ရထား များတွင် ကြော်ငြာ လုပ်ငန်း နှင့် ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုထား ကြောင်း သိရသည်။


ထို့အပြင် လုပ်ကိုင်ခွင့် ရရန် ဂျပန်ကုမ္ပဏီ နှစ်ခုနှင့် စင်ကာပူ ကုမ္ပဏီ နှစ်ခုတို့မှ တင်ပြ ထားပြီး ၄င်း တင်ပြ ထားမှုကို ပြည်ထောင်စု အစိုးရ အဆင့်သို့ ထပ်မံ တင်ပြပေး ထားကြောင်း ၊ ယခုနှစ် အတွင်း ရထား ပို့ဆောင်ရေး ကဏ္ဍများ တိုးတက် ကောင်းမွန် စေရန် ပိုမို လုပ်ဆောင်လျက် ရှိနေပြီး ယာဉ်ကြော ပိတ်ဆို့မှု များကို အထိုက် အလျောက် ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger