www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 15, 2013

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စား လည်ပတ်သူများပြား



တောင်ကြီး ၊ ၁၅-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁ဝ ရက်မှ ၁၈ ရက်နေ့ထိ စည်ကား  သိုက်မြိုက်စွာ ကျင်းပလျှက် ရှိရာ အဆိုပါ ပွဲတော်သို့ မြန်မာပြည် အနှံအပြား သာမက ပြည်ပ ကုမ္ပဏီ လုပ်ငန်းရှင်  များနှင့် ပြည်ပနိုင်ငံ အသီးသီးမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားစွာ လာရောက် လည်ပတ် ကြသည်။

အဆိုပါ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို လွန်ခဲ့သော ၁၉၅ဝ ပြည်နှစ်ခန့် မှ စတင်၍ တိုင်းရင်းသားများ ၏ ရိုးရာ ကထိန်ပွဲတော် တွင် အပျော်တမ်း မီးပုံးပျံများ လွှတ်တင် ရာမှ  တစ်နှစ်ထက် တစ်နှစ် စမ်းသပ် တီထွင်၍အပြိုင်အဆိုင် လွှတ်တင် ကြသဖြင့် ကြီးကျယ် ခမ်းနား လာပြီး မြန်မာနိုင်ငံ တွင် သာမက ကမ္ဘာ့နိုင်ငံ အသီးသီး  တွင် လူသိများ လာပြီး ကမ္ဘာကျော် ပွဲတော်ကြီးအဖြစ်ထင်ရှား လာခဲ့သည်။


၎င်း မီးပုံပျံ ပွဲတော်တွင် ညမီးကြီး မီးပုံပျံတွင် တပ်ဆင်သည့် ယမ်းခွေများ ၊ စိန်နားပန် တွင် ချိတ်ဆွဲထား  ရှိသည့် မီးပုံးငယ်များ နှင့် နေ့လွှတ် အရုပ်မျိုးစုံ ပြုလုပ်မှု တို့အား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ မှ  အထူး စိတ်ဝင်စားလျက် ရှိပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ကြသည် ။ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ယခင်နှစ် များထက် လာရောက် လည်ပတ်သူ ပိုမို များပြား  လာကြောင်း ဧည့်လမ်းညွှန် တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည် ။










No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger